✨4✨

183 16 0
                                    

(Uni)

မနက်က အကိုစိတ်မကောင်းဖြစ်သွားမှာ စိုးလို့သာ ခေါင်းငြိမ့်လိုက်တာ...တကယ်တမ်းကျတော့...သူတွေ့ဖို့အင်အားမရှိသေးဘူး..အကို့မိဘတေကသူ့လို့မိဘမဲ့ ငမွဲတစ်ယောက်နဲ့သဘောတူပါ့မလား...

တကယ်လို့သဘောမတူဘဲ အကိုနဲ့သူ့ကိုခွဲလိုက် မှာသူ
ကြောက်တယ်...သူအကိုနဲ့​ေ၀းရင် သူရူးတောင်သွားမလားမသိဘူး...

"ထယ်........"

သူအတွေးထဲ ယောက်ယက်ခတ်နေစဉ္ အကိုက...
ကားမောင်းနေရင်းနဲ့ပင်..သူ့နာမည်ကိုခေါ်ပီး...
လက်တဖက်ကလဲ သူ့လက်ကိုနူးညံ့စွာ ဆုပ်ကိုင်ထားတယ်..သူပြန်လှည့်ကြည့်တော့..အကို့ဘက်စကားစလာတယ်...

"ထယ်ဘာတေတွေးနေလဲ...ကိုယ်သိတယ်..ပါးနဲ့မားက ထယ့်လိုချစ်ဖို့ကောင်းတဲ့ကောင်လေးကိုတွေ့ရင်.. ချစ်တောင်ချစ်ကြအုံးမှာ..ပီးတော့ ကိုယ်တို့ကိုလဲ
သဘောတူမှာပါ..တကယ်လို့သဘောမတူရင်တောင်...
ကိုယ်ကထယ့်ကိုမရ ရအောင်ယူမှာ.. အဲဒါကြောင့်
လျှောက်တွေးပီး..စိုးရိမ်မနေနဲ့တော့နော်..."

အကိုကသူ့ရဲ့အတွေးတေ ကိုတောင်သိနေတယ်တဲ့...
ပီးတော့သူ့ကိုမရ ရအောင်ယူအုံးမှာတဲ့...ပျော်လိုက်တာ
အဲဒါတေကြောင့် တနေ့တနေ့အချစ်ပိုနေရတာ..

"အင်းပါ..နောက်တခါမတွေးတော့ဘူးနော်...ကားကို
ဂရုစိုက် မောင်းအုံး...."

"ဟုတ်ကဲ့ပါဗျာ့..."

ဒီလိုနဲ့စလိုက်နောက်နဲ့ ကားလေးတောင်အကို့တို့ ခြံရှေ့တောင်ရောက်နေပီ..ကားဟွန်းတီးလိုက်တော့..
အလုပ်သမားတယောက်တံခါး လာဖွင့်ပေးတယ်..

ခြံထဲရောက်တော့ အိမ်ရှိရာကိုရောက်ဖို့အတော်လေး
မောင်းရသေးသည်......

အကိုတို့ကပိုက်ဆံတော်တော် ရှိတယ်ထင်တယ် အိမ်ကြီးက နန်းတော်လောက်ရှိတယ်...အိမ်ရှေ့ရောက်တော့
အကိုက ကားပေါ်ကဆင်းကာ သူ့ဘက်က ကားတံခါးကို
လာဖွင့်ပေးပီး... လက်ကမ်းပေးတယ်....

သူလဲကားပေါ်ကဆင်းလိုက်ပီး...ကမ်းပေးနေတဲ့အကို့လက်ကိုဆုပ်ကိုင်လိုက်ပီး..အိမ်ထဲကိုလိုက်လာခဲ့လိုက်တယ်...

♡My Second Love With Daddy Jeon♡Where stories live. Discover now