✨11✨

163 12 0
                                    

(Uni)

ဂျောင်ကု ကုတင်ပေါ်က အကောင်ပေါက်ကို ခနထားခဲ့ပီးယွန်ဂီHyung တို့ကိုတံခါးဖွင့်ပေးလိုက်သည်။

"ကောင်လေးတောင် သတိရနေပီပဲ..အာညော် ကိုယ့်နာမည် ဂျောင်ဟိုဆော့ပါ ဂျောင်ကုရဲ့တဦးတည်းသောသူငယ်ချင်းလဲတဖြစ်၊ဒါမှမဟုတ် မိသားစုဆရာဝန်ဆိုလဲဟုတ်တယ်၊မင်းကရော"

လူကြီး တံခါးဖွင့်ပေးလိုက်တော့ အရပ်ရှည်"န့ဲ လူနှယောက်ဝင်လာတယ်။အဲ့နှယောက်ထဲက တယောက်က သူ့(TH)ကို နေရောင်ခြည်လို နွေးထွေးတဲ့ အပြုံးတခုဖြင့် လာမိတ်ဆက်နေသည်။သူလဲပြန်ပြုံးပြလိုက်ပီး..

"ဟုတ်..ထယ့်နာမည်က ကင်မ်ထယ်ယောင်းလို့ခေါ်ပါတယ် ဟိုဆော့Hyung"

"ဟုတ်ပီမှတ်ထားလိုက်မယ် အခုHyungတချက်စမ်းသပ်ကြည့်မယ်နော်"

"ဟုတ်ကဲ့.."

"အင်း..ဘာမှတော့စိုးရိမ်စရာမရှိတော့ပါဘူး အားပြည့်မဲ့အစားအစာတေစားပေးပါ။ပီးတော့စိတ်ဖိစီးစရာတေ ဘာတေမတွေးပါနဲ့ အဲ့တာဆိုရင်တော့ဒီတရက်၊နှရက်အတွင်း ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်"

"ဟုတ်..ကျေးဇူးတင်ပါတယ် ဟိုဆော့Hyung ဟီးး"

ဂျောင်ကု သူ့အရှေ့ကနှယောက်ကိုကြည့်မရတော့ပါ။သူ့ကိုပလစ်ထားပီး နှယောက်တကမ္ဘာလုပ်နေတယ်။ ပေါက်စကလဲသူ့အပိုင်အပြုံးလေးတောင်ပြုံးပြလိုက်သေးသည်။

"အဟမ်းးး....ဒါပဲမလား..စမ်းသပ်ပီးရင်လဲမြန်'ပြန်တော့"

"သိပါတယ် ပြန်မှာပါ အူကလာတိုနေသေးတယ် အရူးအမဲသားကျွေးတဲ့အတိုင်းပဲ"

"ဘာ..! မင်းဘာပြောလိုက်တယ် ပြန်ပြောစမ်း ဟျောင့်"

သွားပီ ဟိုဆော့သူ အိပ်ပျော်နေတဲ့ကျားကို သွားနှိုးမိလိုက်တာပဲ။ ‌ငယ်"ထဲပေါင်းလာတဲ့ သူငယ်ချင်းမို့လို့ စ နောက်ရဲပေမယ့် ဂျောင်ကုဒေါသထွက်လာတဲ့အခါ ကြောက်ဖို့ကောင်းပါသည်။ဒီထက်အခြေအနေမဆိုးခင် လစ်မှဖြစ်တော့မည်။

"ငါဘာပြောလို့လဲ မပြောပါဘူး ထယ်ယောင်း Hyung ပြန်တော့မယ်နော်"

"ဟုတ်..ဟိုဆော့Hyung "

ထယ်ယောင်း ရန်ဖြစ်နေတဲ့ သူငယ်ချင်းနှယောက်ကို ကြည့်ကာ တချက်တော့ပြုံးမိသား။တယောက်ကဒေါသထွက်နေတာမျက်နှာကြီးကိုနီလို့။ဟိုတယောက်ကလဲ ပြောတုန်းကပြောပီး ပြေးတာတန်းနေတာပဲ။

♡My Second Love With Daddy Jeon♡Where stories live. Discover now