✨3✨

204 17 2
                                    

(Uni)

အချိန်တေကလဲတရွေ့ရွေ့နဲ့ကုန်မှန်းမသိ ကုန်ဆုံးလာခဲ့ပီး...အခုဆိုကျွန်တော်တောင်Uniနောက်ဆုံးနှစ်တက်နေပီလေ....

အကိုနဲ့ကျွန်တော်လဲချစ်သူတေ ြဖစ်နေကြပီ...

ဒုတိယနှစ် စာမေးပွဲဖြေတဲ့ နောက်ဆုံးနေ့မှာ...
ကျွန်တော့်ဘက်ကစပီး ချစ်တာကို...ဖွင့်ပြောလုိက်တယ်...

ဖွင့်သာပြောလိုက်တာ...အကိုများသူ့ကိုမုန်းသွားမလား၊
ရွံသွားမလားဆိုပီးတွေးပူနေခဲ့ရတာ...အကိုပြန်ပြောတဲ့
စကားကြောင့်...အဲ့နေ့တစ်နေ့လုံးငိုလိုက်ရသေးတယ်.....

အကိုပြန်ပြောတဲ့စကားက"ကိုယ်လဲထယ့်ကိုချစ်တယ်"
တဲ့ကျွန်တော်ဝမ်းသာလွန်းလို့ ငိုလိုက်တာပါ....

ဘယ်သူကမပျော်ဘဲနေမလဲ ကိုယ်ချစ်တဲ့က ကိုယ့်ကိုချစ်တယ်လို့ပြောတာ...

(မင်းတို့ရောသိလား သိမှာလဲမဟုတ်ပါဘူး မင်းတို့ကို..
Friend Zoneထဲပဲသွင်းနေတာလေ😂)

အဲ့နေ့ကစပီး အကိုနဲ့ကျွန်တော်တွဲဖြစ်ခဲ့တာအခုချိန်ထိပဲ...တွဲနေတဲ့တစ်လျှောက် မှာလဲအကိုကကျွန်တော်ကို
အရမ်းချစ်သလို...အရိပ်တကြည့်ကြည့်နဲ့လဲ...ဂရုစိုက်နေလို့...ကိုယ့်မှာတနေ့တနေ့ အချစ်ပိုနေရသေးတယ်...

ပီးတော့ဆိုးတာက ကျောင်းမှာအရင်ထဲကကျွန်တော့်ကိုဆို...ကဲ့ရဲ့ပြောဆိုချင်နေကြတာ...အခုလိုအရာရာမှာပီးပြည့်စုံတဲ့...အကိုနဲ့တွဲနေတယ်ဆိုတော့ပိုဆိုးတာပေါ့...

နေ့တိုင်းကြားပါများတော့...အသားကျနေပီလေ တခါတလေ အကိုသိသွားရင်တော့ ရန်သွားဖြစ်မယ်ဆိုတာကြီးပဲ....

အဲ့လိုအချိန်မျိုးဆို ကျွန်တော့်မှာလိုက်ဆွဲရသေးတယ်...
ဘာလို့လဲဆိုတော့ ကျွန်တော်လိုမိဘမဲ့တစ်ယောက်...
အတွက်နဲ့ အကို့လိုပီးပြည့်စုံတဲ့..သူကိုမထိခိုက်စေချင်ဘူး.....

ဒီစကားတေကိုအကို့ရှေ့မှာ ပြောလိုမဖြစ်....အကိုကအဲ့လိုပြောရင်...အရမ်းစိတ်ဆိုးတတ်တယ်လေ....ကျွန်တော်အကို့ကို အရမ်းချစ်တာပဲ.....

"ထယ်....ဘာတေတွေးနေတာလဲ"

ဟုတ်သားပဲ...အတွေးတေလွန်နေတာနဲ့ပဲ အကို
ကျွန်တော့် နားရောက်နေတာတောင် မသိဘူး...

♡My Second Love With Daddy Jeon♡Where stories live. Discover now