(Uni)
ထယ်ေယာင်း တယောက် အချိန်ပိုင်းလုပ်တဲ့ ကော်ဖီဆိုင် ရှေ့မှာရပ်နေတာ အချိန်အတော်ကြာ နေပီဖြစ်သည်..အကြောင်းကတော့ မနေ့က အလုပ်ကို ဖုန်းမဆက်ဘာမဆက်ပဲ အကို့အိမ်လိုက်သွားတာကြောင့်လေ...
"မသိတော့ဘူးကွာ...ပြောခံရလဲ ပြောခံရပစေတော့..Hyungကို အသေအချာပြန်ချော့လိုက်တော့မယ်..ဟုတ်တယ် ထယ်ယောင်း မင်းလုပ်နိုင်တယ် fighting..."
ထယ်ယောင်း တယောက် တကိုယ်ထဲကြားယုံသာ အားပေးရေရွတ် လိုက်ပီး ဆိုင်ထဲသို့ ဝင်လာလိုက်တယ်
"Hyung..အာညော်..ဟီးး.."
Hyungဆုိတာက သူ့ရဲ့အလုပ်ရှင် Kim Seokjin လေသူနဲ့က အလုပ်ရှင်နဲ့ဝန်ထမ်း ဆက်ဆံရေးဆိုတာထက် ညီအကို ဆက်ဆံရေးဆိုပိုမှန်လိမ့်မယ်..သူရဲ့ကြီးပြင်းရာ မွေးရပ်မြေ ဒယ်ဂူမိဘမဲ့ ဂေဟာကနေ ပညာသင်ခွင့်ရလို့ ဆိုလ်းကိုတက်လာတုန်းက...
စုထားတဲ့ပိုက်ဆံလေးနဲ့တိုက်ခန်းလေး တခန်းဌားနေပီးတော့ကျောင်းတက်တာပေါ့..ဒါပေမဲ့ ကိုယ့်ဝမ်းရေးနဲ့အသုံးစရိတ်ကရှိသေးတော့..အချိန်ပိုင်းအလုပ်လုပ်ဖို့ဆုံးဖြတ်ပီး အလုပ်လိုက်လျှောက်တော့ ဆော့ဂျင်Hyungရဲ့ကော်ဖီဆိုင်မှာ အလုပ်ရခဲ့တာ..
ဆော့ဂျင်Hyungက ရုပ်လဲချောသလို သဘောလဲကောင်းတယ် သူ့ကိုဆိုေဆာ့ဂျင်Hyungကညီလေးတယောက်လို ဂရုစိုက်သလို သူကလဲ ငယ်ငယ်ထဲက မောင်နှမဆိုတာ မရှိခဲ့တော့ Hyungကို အကိုတယောက်လိုမျိုး ခင်တွယ်မိတယ်..ပီးတော့ သူ ရဲ့ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်လေ အဲ့ဒါကြောင့် သူ့အကြောင်းဆို ဆော့ဂျင်Hyungမသိသလောက်ရှားတယ်...
"အော်..ပေါ်လာသေးတယ်နော်..ငါကလင်နောက်လိုက်သွားပီလားလို့.."
"ဆော့ဂျင်Hyung..ကလဲ မဟုတ်ပါဘူး..."
"ကဲ..ဒါဆို..ဆိုစမ်းပါအုံး.. ဖုန်းမဆက်ဘာမဆက်နဲ့ အလုပ် မလာရတဲ့ အကြောင်းအရင်း.."
"အဲ့ဒါကလေ..အကို့မိဘတေက ကိုရီးယား ကိုရောက် နေလို့..အကိုက ထယ့် ကိုမိတ်ဆက်ပေးပီး ညစာပါစားဖို့ခေါ်သွားလို့ပါ..."
"အေးပါ..ငါ့လိုရုပ်ချောတဲ့ လူကပဲ သဘောထားကြီးစွာနဲ့ခွင့်လွှတ်ပေး လိုက်ပါမယ်လေ.."

YOU ARE READING
♡My Second Love With Daddy Jeon♡
Fiksi Penggemar(Uni) "Baby"ကို ကိုယ့်အချစ်တွေနဲ့ပြန်ပီးအစားထိုးချစ်ပေးမှာမို့နောက်တစ်ကြိမ်ထပ်ချစ်ဖို့ကိုကြောက်ရွံမနေပါနဲ့တော့...... (Jeon Jungkook) အချစ်ဆိုတဲ့အရာကိုနောက်တစ်ကြိမ်ထပ်ချစ်ဖို့ကြောက်ရွံပီးယုံကြည်မှုမရှိတော့ပေမဲ့ခင်ဗျားကိုတော့မျက်စိမှိတ်ယု...