✨9✨

143 13 4
                                    

(Uni)

"ယွန်ဂီHyung..."

"ပြောလေ ဂျောင်ကု"

သူကားအနောက်ခန်းကနေခေါ်လိုက်တော့ ယွန်ဂီHyungက ကားမောင်းနေရင်း ပြန်ထူးသည်။

"အိမ်ကိုမမောင်းနဲ့တော့..."

"ဟင်..အိမ်နားရောက်ခံနီးနေပီလေ ဘာဖြစ်လို့လဲ"

"ကျွန်တော်ကော်ဖီသောက်ချင်လာလို့ အဲ့တာအရင်တခါကကော်ဖီဆိုင်ကိုပဲမောင်းပေးတော့"

"မင်းကော်ဖီသောက်ချင်တာ ဟုတ်ရောဟုတ်လို့လား ဒါမှမဟုတ် ဟိုကောင်လေးကို... ဟင်းဟင်း"

"ကော်ဖီဆိုင်မောင်းခိုင်းပါတယ်ဆိုမှ ကော်ဖီ‌ေသာ‌က်ချင်လို့ပေါ့ ဘာသွားလုပ်ရမှာလဲ.!! တော်'စကားကြောရှည်တယ်"

ဂျောင်ကုဒီနေ့ကုမ္ပဏီမှာအစည်းအဝေးလုပ်ပီး ပြန်လာထဲကခေါင်းကလဲနောက်နေတယ်၊ပီးတော့ သူ့အလှလေးစီကို ဟိုတခါ‌ေတွ့ပီးထဲက အလုပ်တေရှုပ်နေလုိ့ မသွားဖြစ်ဘူးအဲ့ဒါကြောင့် ယွန်ဂီHyung ကိုကော်ဖီဆိုင်ကိုပဲမောင်းခိုင်းလိုက်တော့ မမောင်းသေးပဲပြီတီ"မျက်နှာနဲ့ သူထိုင်နေတဲ့အနောက်ခန်းကိုလှည့်ပီး စကား‌ေကြာရှည်နေတဲ့ ယွန်ဂီHyung ကိုပိတ်ဟောက်လိုက်တယ်။အဲ့တော့မှအရှေ့ကို ပြန်လှည့်သွားပီး စကားထပ်ပြောလာတယ်...

"အေးပါကွာ မင်းကလဲကိုယ်ကြိုက်နေတဲ့လူဆီ ကိုယ်သွားတာပဲကို တခြားအကြောင်းပြပီးလိမ်နေစရာမလိုပါဘူး ငါနားလည်ပါတယ်"တဲ့...

ဒီလောက်ဟောက်လိုက်တာတောင်ဆက်ပြောနေတဲ့Hyungကို သူ(jk)မနိုင်တော့ဘူးဆိုတဲ့ပုံစံဖြင့် ခေါင်းတချက်ခါကာ ကား‌ေနာက်ထိုင်ခုံကိုမှီရင်းမှေးပီးတာလိုက်လာလိုက်တော့သည်။
.
.
ယွန်ဂီ ကားမောင်းနေရင်း မှန်ကနေတဆင့် ကားအနောက်ခုံကိုမှီပီး မှေးနေတဲ့ဂျောင်ကုကိုကြည့်ရင်း တချက်တချက်ပြုံးနေမိတယ် ခုနကအိမ်နားရောက်ခံနီးမှ အရင်တခါက ကော်ဖီဆိုင်ကိုမောင်းခိုင်းတော့ အစကကြောင်သွားပေမယ့် နောက်မှသဘောပေါက်လိုက်တယ်။

"အင်း..ငါတို့ဂျောင်ကုတောင်ချစ်တတ်နေပီပဲ"

သူတကိုယ်တည်း ကြားယုံရေရွတ်ပီး အရှေ့ကိုပြန်လှည့်ကား‌ေမာင်း‌ေနရင်း တဖက်လမ်းပေါ် ကနေအသိမဲ့‌ေနတဲ့လူတယောက်လိုပြေးလာနေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်တယ်။နောက်ဆုံးထိုကောင်လေးက ကားလမ်းမအလယ်မှာရပ်လိုက်ကာ သူတို့ကားရှိတဲ့ဘက်ခြမ်းကုိလှည့်ကြည့်လာပီးတာနဲ့ မြေပြင်ပေါ်ကိုပစ်လဲကျသွားတော့တယ်။

♡My Second Love With Daddy Jeon♡Where stories live. Discover now