''မယ်ရီရေ ဒီနေ့တစ်နေ့တာလည်း ပျော်စရာနေ့လေး ဖြစ်ပါစေ''
အသံကြားတာနဲ့ သူ့စိတ်ကို တင်းပစ်လိုက်တယ် တင်းထားမှ တော်ကာကျမယ်။ မဟုတ်ရင် သောက်ကလေးက အပျော့ဆွဲလေးဆွဲတတ်လွန်းလို့။
တစ်လှမ်းလေးပါ တစ်လှမ်းတည်းပါနဲ့ ခြေလှမ်းတွေများ မိုင်တွေချီလာတဲ့ အကျိုးဆက်က ဒီရက်ပိုင်း ညညဆို သူ့ စိတ်ထဲအတွေးထဲ တစ်စုံတစ်ယောက် ပေါ်ပေါ်လာတဲ့အရေအတွက်က နည်းပါးလာတယ်။ အားနာစိတ်ရယ် ယူကျုံးမရစိတ်ရယ်နဲ့ ရူးချင်လာတာ သူပဲသိတယ်။ ဘယ်သူ့ကိုအားနာလဲမေးရင် နှစ်ယောက်လုံးကိုပါပဲ။
ချစ်ရသူအတွက်ပဲ ဖြစ်တည်နေတဲ့ စိတ်အာရုံအတွေးတွေထဲမှာ ဒီသောက်ကလေးက ဝင်အစားထိုးလာသတဲ့။ ဗြောင်ဘတ်ခ်ဟျွန်းက အဲလို နေရာဝင်ဝင်ယူလာတာ မဟုတ်သေးဘူး။ နေရာပေးနေမိတဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်ဆိုး မဆီမဆိုင် သောက်ကလေးကိုလည်း စိတ်ဆိုးမိတာ လူကြီးမပီသဘူးထင်ချင်လည်းထင်။
မနေ့ညကပဲ ကြည့်။ ဒင်းရဲ့ကိုက်အရှုပ်တော်ပုံကြောင့် သူ့မှာ အလကားနေရင်း အိပ်မပျော်နိုင်ဖြစ်နေခဲ့ရတာ သောက်ကလေးသိမှာမဟုတ်။ ဆိုတော့ အများကြီး အလိုလိုက်ပေးလို့မဖြစ်တော့ဘူး။ ဒီနေ့တံခါးလုံးဝမဖွင့်ပေးဘူး။
''ချန်ယောရေ တံခါးဖွင့်ပါဦး''
''နေမကောင်းလို့ အိပ်နေတာများလား''
တစ်ယောက်တည်း ရုပ်ရှင်တွေရိုက်လို့ မယ်ရီကြီးကို ခေါ်လာရင် ဒုက္ခ။
''နေလည်းကောင်းတယ် လူလည်းအလတ်ကြီး။ မဝင်စေချင်လို့ ဖွင့်မပေးတာ အလိုက်သိ သောက်ကလေး။ လာရာလမ်းအတိုင်း ပြန်''
''စိတ်ဆိုးနေတာလားဟင်။ တောင်းပန်တယ်လေနော်''
ဘာမှားမှန်းမသိဘဲ တောင်းပန်တာလည်း ဘာအကျင့်လေးမှန်းမသိ။ မကြိုက်တာ အဲဒါတွေ။အကုန်အရှုံးပေးထားတဲ့သူအပေါ်ဆို လူတွေက အနိုင်ယူဖို့ လွယ်တယ်။
''မင်းလာရင် အလုပ်လုပ်ရတာ အာရုံနောက်လို့ကွာ''
''ငြိမ်ငြိမ်လေးနေမယ်လေနော်''
''စကားလည်း မပြောတော့ပါဘူး''
''အသံမထွက်ဘူးလေ''

YOU ARE READING
မင်းလေးက ငါ့ရဲ့ဆေး ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )
FanfictionBae... You're my happy pill. (Completed)