သောက်ကလေးရဲ့ မျက်ခွံလေးတွေကို အသာတို့ထိကြည့်မိတယ်။ ကြင်နာချင်စရာ မျက်လုံးအစ်အစ်လေးဖြစ်အောင် ပုံလည်းဖော်မှဖော်တတ်ပါပေ့။ ဒီမျက်လုံးလေးတွေက မျက်ရည်ဥတွေခြွေချတိုင်း သူ့ကို နေမရထိုင်မရဖြစ်စေခဲ့တာ။ ဒီတိုင်းဆို ခပ်သွယ်သွယ် ရယ်လိုက်ရင် မို့တက်လာတတ်တဲ့ ပါးပြင်တွေပေါ် လက်ဖဝါးနှစ်ဖက်နဲ့ အုပ်လို့ ကိုင်လိုက်တဲ့အခါ သူ့လက်ချောင်းတွေက နို့ပေါင်မုန့်လုံးလေးထဲ နစ်ဝင်သွားသလို။
''ချန်ယော''
''အင်း''
''ဘေဘေးက အရူးမဟုတ်ဘူးနော်''
''မဟုတ်ပါဘူး မင်းက အရူးလေးပါ''
မျက်နှာလေးက မဲ့ကျလို့သွားတယ်။ ငိုမလာခင် ဆက်လို့ဆိုရတာ ကပျာကယာ..
''အချစ်ရူးလေးလေ.. မင်းက အချစ်ရူးကလေး''
ဆိုတော့မှ ပြန်လို့ပြုံးလာတယ်။ သူ့ခါးကို ဖက်တွယ်လို့ ရင်ခွင်ထဲ ခိုဝင်တယ်။ ခါတိုင်းနဲ့မတူ ဒီဖက်တွယ်လာမှုအပေါ် စိတ်ထဲ ပေါ့ပေါ့ပါးပါးရှိနေတာကြောင့် တင်းနေအောင် ပြန်ပွေ့ဖက်ကြည့်တော့ လက်မောင်းသားလေးအိအိတွေဆီမှ နူးညံ့မှုဟာ နှလုံးသွေးကြောထဲထိများ စီးဝင်သွားသလား.. သူ့မှာ ရင်တဒိတ်ဒိတ် အသည်းတယားယား။
''ဟုတ်တယ် ချန်ယောကြောင့် ရူးတဲ့ အချစ်ရူးကလေးလေ ဘေဘေးက''
''စကားတတ်တဲ့ သာလိကာလေး''
''ချန်ယောရဲ့အချစ်သာလိကာလေးပေါ့။ ချန်ယော ဘေဘေးကို ချစ်လားဟင်''
ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကာကြည့်လို့ မေးလာတဲ့အခါ သူ့မှာ အဖြေရခက်ပြန်တယ်။ ဒင်းကလေး လိုချင်တဲ့ အဖြေက ဘာလဲဆိုတာ သိနေပေမဲ့ သူ့ကိုသူ မသေချာ။ ချစ်သလား မချစ်ဘူးလား။ အတန်ကြာ ငြိမ်နေမိတော့..
''သိပါတယ်နော်။ ချန်ယော မဖြေလည်း ဘေဘေးကို ချန်ယော ချစ်နေမှန်းသိပ''
မဖြေချင်တဲ့အဖြေကို ဇွတ်မတောင်းဘဲ တွေဝေပြီး မွန်းကျပ်နေတဲ့ သူ့ကို ဒီလိုလေး လွတ်မြောက်စေတာ။ စကားအရာနဲ့ ဒီလို အပိုင်သိမ်းတတ်တာ။ 'ချန်ယော ဘေဘေးကို ချစ်နေတာပါ သိပနော်'လို့ ဘယ်ယုံကြည်ချက်တွေနဲ့များ ပြောပြောနေခဲ့ပါလိမ့်။ ငလည်လေး ဗြောင်ဘတ်ခ်ဟျွန်းဟာ သူ့နှလုံးသားအတွင်းပိုင်းထိ ဖောက်ထွင်းလို့ မြင်နေခဲ့ပါသလား။
![](https://img.wattpad.com/cover/307127836-288-k738501.jpg)
YOU ARE READING
မင်းလေးက ငါ့ရဲ့ဆေး ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )
FanfictionBae... You're my happy pill. (Completed)