သာလိကာသံ တစာစာက နားဝင်မချိုတာ တစ်ပတ်လောက်ရှိပြီ။ အရင်က ဒီသာလိကာသံလေး ကြားရင် ကြည်လင်သွားတတ်တဲ့ စိတ်က ခုတော့ သာလိကာသံကြားရင် ရှုပ်လာရပြီ နောက်ကျိသွားရပြီ။
''ကျောင်းမှာ ဘယ်အသင်းဝင်ရင် ကောင်းမလဲဟင်။ ချန်ယောတုန်းကရော ဘာ activity လုပ်ရတာ ကြိုက်လဲ''
အမြင်ကပ်ကပ်ရှိတာနဲ့...
''ဖွန်ကြောင်ရတာ''
''ဟုတ်ပြီလေ ဘေဘေးလည်း ဖွန်ကြောင်မယ်''
တကယ်မလုပ်မှန်းသိတာတောင် စိတ်ကဆိုးမိသေး။
''ချန်ယော ကန်တင်းက အစားအစာတွေက ကောင်းလားဟင်''
''မကောင်းဘူး''
''မကောင်းလည်း ဘေဘေးက စားမှာ''
တွေးပြီး တဟီးဟီးရယ်ပြန်ရော။ ကျောင်းတက်ရတော့မှာမလို့ သောက်ကလေး ရင်တခုန်ခုန် တမျှော်မျှော်ဖြစ်နေတာကို နားမလည်တာတော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့တစ်နေ့ ဒီခွဲရမဲ့အကြောင်းကို တခုတ်တယကြည်နူးနေတာကျတော့ စိတ်ဆိုးချင်စရာ။ ဆိုတော့ သာလိကာသံတွေကြားရင် စိတ်ကတိုလာရရော။
ဘဲလ်ကလည်း ဒင်းကို စကားမပြောတာ တစ်ပတ်လောက်ရှိပြီတဲ့။ ပြောမလား ဟိုက ဒင်းကို ကျောင်းတက်ခိုင်းချင်တာတောင်မဟုတ်တာကို သွားပြီး ကျောင်းရောက်ရင်လေ ဘာဖြစ်တယ်၊ ကျောင်းရောက်ရင်လေ ညာဖြစ်တယ်သွားသွားလုပ်နေတာ။
''ချန်ယော ကောင်းကောင်းစားလို့ ပြောပေးဦး''
''ချန်ယော~ မတိုးကြနဲ့လို့ ရန်ဖြစ်တာ ကိုကိုမကြိုက်ဘူးပြောထားတယ်မလားလို့ ပြောပေးဦး''
ဘာလဲဆိုပြီး လှည့်မကြည့်လိုက်နဲ့ သောက်ကလေးကို လည်ပင်းကြီးအတောင့်လိုက်နဲ့ မျက်လုံးက ထောင့်ကိုကပ်ထားတာ တွေ့ရလိမ့်မယ်။ တဆက်တည်းဆက်ကြည့်လိုက်မယ်ဆို ထောင့်ကပ်အကြည့်ပို့ထားတဲ့လားရာဘက် ကြမ်းပြင်ပေါ်မှာ သကြားခဲတစ်ခဲရှိလိမ့်မယ်။
စစချင်းတုန်းက ဘာလဲပေါ့ မေးကြည့်တော့
''ဘေဘေး ကျောင်းသွားတက်ရင် ပုရွက်ဆိတ်တွေနဲ့ စကားမပြောမိအောင်လို့ ကျင့်နေတာလေ.. တော်ကြာ..''
![](https://img.wattpad.com/cover/307127836-288-k738501.jpg)
YOU ARE READING
မင်းလေးက ငါ့ရဲ့ဆေး ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )
FanfictionBae... You're my happy pill. (Completed)