1

3.5K 217 28
                                    

တံခါးကို ဖွင့်လို့ အိမ်အပြင် ခြေလှမ်းချမိချိန် မျက်လုံးတွေပိတ်ပစ်လိုက်ရတယ်။ မျက်လုံးက နေရောင်စူးစူးနဲ့ အသားမကျချင်လှ။ နေရောင်တောင် မခံနိုင်ကြောင်း ဖွားဖွားသိရင် ဆူခံထိဦးမယ်။

သူကလည်း သူ။ ဖွားဖွားက အတူလာနေခိုင်းတော့လည်း မနေ။ ခြံထဲက နောက်ထပ် လုံးချင်းအိမ်ကလေးမှာပဲ သီးသန့်နေပါတယ်။ ပြတင်းပေါက်တွေ ပိတ်ပြီး အိမ်ထဲကအိမ်ပြင်လည်းမထွက်တော့ အဖွားလုပ်သူစိတ်ပူတာလည်း မဆန်း။ အပြင်လောကနဲ့မထိတွေ့ချင်ဘူး။ သူက စိတ်ကူးနဲ့ဖော်လို့ပေါ်လာတဲ့ပုံရိပ်ကမ္ဘာထဲမှာပဲ နေချင်တဲ့ ယဥ်ယဥ်လေးနဲ့ရူးနေတဲ့ကောင်။ဆိုတော့ ​တစ်ခါတလေမှသာ လိုတာတွေဝယ်ဖို့ မြို့ထဲ ခြေချတယ်။

မြို့လို့နာမည်တပ်ပေမဲ့ ခပ်ကြီးကြီးရွာတစ်ရွာလို့ ပြောရင်လည်း မှားမယ်မထင်။ ဆိုတော့ မြို့မကျတောမကလေးရယ်ပါ ။ ကားသံမော်တော်သံဆူဆူညံညံတွေရှင်းတယ်။ရာသီဥတုသာယာတယ်။ နွေးနွေးထွေးထွေးနဲ့ နေရောင်ကောင်းကောင်းရတယ်။ ဒီမြို့လေးနဲ့ ပတ်သတ်ပြီး သူအကြိုက်ဆုံးအချက်က တစ်နှစ်ပတ်လုံး နှင်းတစ်မှုန်တောင် မမြင်ရတာပါပဲ။

တစ်နေရာနဲ့တစ်နေရာသွားဖို့ဆို ဒီမြို့သားတွေဟာ ခြေလျင်မဟုတ်ရင် စက်ဘီးကိုပဲ အားကိုးကြပါတယ်။ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးကြတဲ့မြို့ငယ်ကလေးဆိုပါ​​ေတာ့။မြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းခွဲထားသေးတာ။ဧရိယာတော့ အတော်ကျယ်ပြောပါလိမ့်မယ်။ဘာလို့ဆို တစ်ခြံတစ်ခြံဆိုတာ အကျယ်ကြီး။အခု သူ ဦးတည်နေတဲ့ ကုန်စုံဆိုင်ရောက်ဖို့တောင် တော်တော်လေးသွားရတယ်။

လိုအပ်တာတွေ ဝယ်ပြီး ပြန်လာချိန် လူက အတော်လေးပြိုင်းနေပြီ။ အစာမစားဘဲ မနေ့ညက တစ်ညလုံးသောက်ထားမိတော့ အားလည်းနည်းနေလို့လည်းပါမယ်။တော်တော်လေး လမ်းလျှောက်လိုက်ရတော့ အိမ်ပေါက်က သုံးထစ်သော လှေကားကိုတောင် မတက်နိုင်တော့ဘဲ ခါးကိုကိုင်း လဲကျမတတ် တုန်ချင်နေတဲ့ ဒူးတွေကို လက်နဲ့ကိုင်ထားရတယ်။ခေါင်းထဲမှာလည်း ရိတ်တိတ်တိတ်ဖြစ်သွားလို့ မလှုပ်ရဲ။

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now