ရော်ရွက်ဝါတွေက မြေမှာခလို့။ ရှေ့ကာလ ဥတုများတုန်းကတော့ ဒီနေရာလေးကို သောက်ကလေးလေး အပြေးရောက်လာတဲ့အခါတိုင်း ဆီးကြိုပွေ့ခဲ့ရတာ။ ခုများတော့ သူတစ်ယောက်တည်းပေါ့။
လွမ်းလွန်းလို့များလား မျက်လုံးထဲ သောက်ကလေးပြေးလာတာကိုပါ မြင်ယောင်လာသလိုလို-
Wtf!
တကယ် သောက်ကလေးဟ။
လက်နှစ်ဖက်ကို ရှေ့ဆန့်လို့ ပြေးလာတာ မသိရင် သုံး လေးနှစ်သား ကလေးတွေ သူတို့အဖေတွေဆီ ချီပေးပါဆိုပြီး ပြေးလာသလို။ ဘယ်မိထွေးတော်တွေက သူရှိနေကြောင်း သံတော်ဦးသွားတင်လိုက်သလဲမသိ။စဥ်းစားချိန်မရဘဲ သောက်ကလေးနဲ့ ဆန့်ကျင်ဘက်ကို ကောက်ပြေးရတယ်။ သောက်ကလေးအတန်းရှိတဲ့အချိန်ကို တမင်ရွေးလာတာမလို့ ဒီလိုဗြုန်းစားကြီး တွေ့ရမယ်လည်း မထင်ထားဘူး။ ပြန်တွေ့ရင် ဘယ်လိုပြောမယ်ဘာညာ စကားတွေလည်း မစီရသေးဘူး အဆင်သင့်မဖြစ်သေးဘူးလေ။
''ရပ်နော် အဲမှာ ရပ်''
ရပ်မနေဘူး။ ပြေးတာပဲ။ သောက်ကလေးလား ခြေတံတိုလေးတွေနဲ့ သူ့ကိုလိုက်မှီမှာ။ ဘာညာမတွေးဘဲ ပြေးချပြီးမှ ကျောင်းထဲမှာ ရှေ့ကပြေး နောက်ကလိုက်နဲ့ ပုံစံကို တွေးမိတော့ ကျစ်.. သောက်ဗရမ်းဗတာတွေ။
ဗြောင်ဘတ်ခ်ဟျွန်းတို့ကတော့ ချက်ချင်းကို lessonတွေ စပေးတာပဲ။''သူခိုးပါဗျို့၊ အဲ့ရှေ့က လူက သူခိုးကြီးပါ''
နဂိုတည်းက လူသတိမထားမိမှ အဆုံး ဖြစ်နေတာကို သောက်ကလေးက ကုန်းအော်ပြီး ထပ်ဖြည့်တယ်။
''ဆက်ပြေးနေရင် ကျောင်းသားရေးရာကိုလည်း တိုင်မယ်။ ပါချုပ်ကိုလည်း တိုင်မယ်။ အိုး.. မီဒီယာထဲပါ ထည့်ပြီး တစ်နိုင်ငံလုံးကို တိုင်ပစ်မယ်''
ဗရုတ်သုတ်ခဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေကြတဲ့ ကျောင်းသားတစ်စုကပါ ပြေးဖမ်းမလို ပြင်လာတာမလို့ ရပ်လိုက်ရတယ်။ နောက်လှည့်ကြည့်တော့ သောက်ကလေးက ခါးကိုနှိပ်လို့ မျက်နှာက နီရဲနေကာ ချွေးတပြိုက်ပြိုက်နဲ့ ဟောဟဲဆိုက်လို့ မောပြီး ရှေ့တောင်ဆက်လှမ်းမလာနိုင်။
![](https://img.wattpad.com/cover/307127836-288-k738501.jpg)
DU LIEST GERADE
မင်းလေးက ငါ့ရဲ့ဆေး ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )
FanfictionBae... You're my happy pill. (Completed)