ဒီနေ့ ဗြောင်ဘတ်ခ်ဟျွန်းရဲ့ မွေးနေ့။ ၉ နာရီလောက်ထိ အိပ်နေကျ သူ့မှာ အစောကြီးထရတယ်။ သောက်ကလေးက မနက်ခင်း ၆နာရီ မိနစ် ၄၀မှာ မွေးတာကြောင့် အဲအချိန်ကွက်တိ 'Happy Birthday' ပြောပေးရမယ်လို့ ရစ်တယ်။
မနေ့ညကတော့ မက်ဆေ့တွေအစား တညလုံး ဖုန်းတဒီးဒီးလာတယ်။ သဘောတူလိုက်တာတောင် မမေ့နဲ့နော်နဲ့ ခဏတိုင်း ဖုန်းကလေးမှာ 'အော့အော်'နေခဲ့ရတာ။ ပေးထားတဲ့ ကတိမတည်ရင် အဆံချောင်နေကြာပန်းကြီးဖြစ်ပါစေလို့က ပြောသွားသေး။
၆နာရီ ၃၈ မိနစ်တည်းက ဖုန်းကြိုခေါ်နေတာကို မကိုင်။ ကျစ်..အဲလိုနဲ့ အချိန်ကျော်သွားတော့မှာပဲ။ မနက်အစောမထနိုင်လို့ သဘောမတူချင့်တူချင် တူခဲ့တာ သူဆိုပေမဲ့ အချိန်ကွက်တိမကျမှာ ကြောက်နေမိတာလည်း သူ။ သောက်ကလေးက အတည်တကျတောင်းဆိုတာရှားတာမလို့ ဖြည့်ဆည်းပေးချင်တာ။
၆နာရီ ၃၉ မိနစ် ၅၅ စက္ကန့်
ကျစ်.. ခုမှ တောင်ပိုင်းပြေးသွားလို့မရ သောက်ကလေးရ ကိုင်ပါဟ
၅၆... ၅၇... ၅၈''ဘေဘေးပြောနေပါတယ်''
အကြောတွေကူပြီးမရှည်ပေးနိုင်သေး..
၅၉...
၆နာရီ ၄၀မိနစ်
''Happy Birthday''
ဖုန်းထဲကနေ ရယ်သံတလွင်လွင်ထွက်လာတယ်။ စောစောထရလို့ ထွေနေတဲ့စိတ်တွေ ကြည်လင်သွားရတယ်။ ဖုန်းမကိုင်မချင်း ငယ်ထိပ် ရောက်ချင်နေတဲ့ ဒေါသတွေက လာရာလမ်းအတိုင်းလှည့်ပြန်တယ်။
''ဘယ်သွားနေလို့ ဖုန်းကမကိုင်ရတာလဲ''
''တမင်မကိုင်တာ''
''ဘာ!!''
''ဖုန်းကိုင်လိုက်တာနဲ့ Happy Birthday လို့ ကြားချင်လို့လေ''
''ငါက မပြောရင် ဘယ်လိုလုပ်မလဲ''
''အိုး.. ဘေဘေးက ဒီအချိန်ကြားချင်တယ်ဆို ချန်ယောကလည်း ဒီအချိန် သေချာပေါက်ပြောမှာမှန်းသိလို့ပေါ့''
သောက်ကလေး... ဗိုက်ထဲ ပုဏ္ဏားလေးများရှိနေလားမသိ။ ရှက်ဖို့တော့ကောင်းတယ်။ သူက ဘယ်လောက်တောင်သိသာနေလို့လဲ ဗြောင်ဘတ်ခ်ဟျွန်းကောင်ဆီကနေ အရူးလုပ်ခံရတာလဲ။

VOCÊ ESTÁ LENDO
မင်းလေးက ငါ့ရဲ့ဆေး ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )
FanficBae... You're my happy pill. (Completed)