Chapter (2)

7.9K 159 9
                                    

ရေလှိုင်း နိုးလာတော့ အချိန်က 8:00 ကျော်နေပြီဖြစ်သည်။ ဗိုက်ကလည်း အိပ်နေတုန်းကမဆာပေမယ့် နိုးလာတော့ ဆန္ဒစပြလာ‌ပြီမို့ မျက်နှာသစ်ပြီး အောက်ထပ်က ထမင်းစားခန်းသို့ထွက်လာခဲ့လိုက်သည်။

"ဗိုက်ဆာလိုက်တာ ငါဘာလို့ ဒီလောက်အကြာကြီး အိပ်ပျော်သွားတာပါလိမ့်"

သူထမင်းစားခန်းထဲရောက်တော့ မနက်က သူမကို အခန်းထဲလိုက်ပို့ပေးခဲ့တဲ့ ကြီးကြီးကပဲ ထမင်းပြင်ပေးသည်။

"ကျေးဇူးပါ ကြီးကြီး။ လှိုင်းတအားဗိုက်ဆာနေတာ။ ဒါနဲ့ ဟိုလူကြီးရောပြန်ရောက်ပြီလားဟင်"

"ရောက်ပါပြီ သခင်မလေး။ စားပြီးရင် စာကြည့်ခန်းထဲ လာခဲ့ဖို့ သခင်ကြီးက မှာထားပါတယ်"

"ဟုတ်ဟုတ် ပြီးရင်လှိုင်းသွားလိုက်မယ်နော်"

ကြီးကြီးစကားကို ခေါင်းညိမ့်ပြီးတာနဲ့ တဂွီဂွီတဂွမ်ဂွမ်မြည်နေတဲ့ဗိုက်ကို ချော့ရသေးသည်။

*စားပြီးတာနဲ့ ဟိုလူကြီးရဲ့ စာကြည့်ခန်းကို သွားရမယ်တဲ့။ ဗိုက်ဆာနေတာနဲ့ ဟိုလူကြီးရဲ့ စာကြည့်ခန်းက ဘယ်မှာတောင် မမေးလိုက်ရဘူး။
ငါတော့ ငါးပါးမှောက်ပြီ။ ကြီးကြီးကလည်း ဘယ်သွားလဲ မသိပါဘူး*

ရေလှိုင်းတစ်ယောက်စားပြီးတာနဲ့ စာကြည့်ခန်းရှာပုံတော်ဖွင့်ရပါတော့သည်။

တစ်ခန်းချင်းစီလိုက်ကြည့်ရင်း ဒုတိယထပ်က ‌လျှောက်လမ်းအဆုံးရောက်တော့ စာအုပ်စင်ပုံတွေကို လက်ရာမြောက်မြောက် ကနုတ်ထွင်းထားတဲ့အခန်းကိုတွေ့လိုက်ရသည်။

*ဒါစာကြည့်ခန်းထင်တယ်။ ကနုတ်လက်ရာက လှလိုက်တာ*

သူမရောက်ကြောင်းအသိပေးဖို့ တံခါးကို နှစ်ချက်လောက်ခေါက်လိုက်တော့

*ဝင်ခဲ့ပါ*

အထဲက ပြန်ကြားရသည့် အသံဟာ အာဏာစက်တစ်မျိုးကိန်းအောင်းနေသလိုမျိုးပါလေ။ တကယ့်ကို ဩဇာအပြည့်နဲ့ နာခံချင်စရာအသံမျိုး။

သူတံခါးဖွင့်ပြီးဝင်လာတော့ ကျွန်းစားပွဲ‌‌တစ်ခုရဲ့အနောက်မှာ ဆုံလည်ကုထားထိုင်နဲ့ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ စေ့စပ်သည့်နေ့ကတောင် သေချာမတွေ့လိုက်ပေမယ့် သူဟာ တအားချောမှန်းမှတ်မိနေခဲ့ပါသည်။ အခုလို သေချာကြည့်လိုက်ရတော့မှ မကျဉ်းမကျယ်နဲ့အချိုးကျတဲ့နဖူး၊ နှာတံချွန်ချွန် အောက်က လေးကိုင်းသဏ္ဌာန်နှုမ်ခမ်းပါး၊ ထင်ရှားလွန်းတဲ့မျက်ခုံးနဲ့စူးရှတဲ့မျက်ဝန်းတစ်စုံ အပြင် နှုတ်ခမ်းမွေးရိတ်ထားလို့ စိမ်းနုရောင်ပြေးနေတဲ့ ပါးရိုးများနဲ့ ထိုလူဟာ အတော်လေး ဆွဲဆောင်မှုပြင်းလှပေသည်။

My Dominant FiancèWhere stories live. Discover now