Chapter (3)

9.2K 234 21
                                    

ရေလှိုင်းခမျာ ဟိုလူကြီးကောင်းမှုနဲ့ ထမင်းစားခန်းထဲကို နာရီဝက်လောက် အနားယူပြီးမှ ရောက်သွားနိုင်သည်။

သူမ မနက်စာစားပြီးတော့ မနေ့က ကြီးကြီးပဲ သူမကို အခန်းတွေလိုက်ပြသည်။ ဒီကြီးကြီးနာမည်အပြည့်အစုံတော့ မသိပေမယ့် မနေ့က ဟိုလူကြီးကတော့ အန်တီကြည်လို့ ခေါ်တာကြားလိုက်မိသည်။

အခန်းတွေက တော်တော်ကိုများတာပါ။ အပေါ်ဆုံးအထပ်မှာတော့ gym အခန်းနဲ့ စာသင်ခန်းရှိသည်။ တစ်ထပ်လုံးကို မှန်တွေနဲ့ကာထားတာကြောင့် အပြင်ကိုကြည့်လိုက်ရင် တောအုပ်ကြီးလို စိမ်းစိုနေတဲ့ သူ့ခြံထဲက အပင်တွေကို မြင်ရပါသည်။ စာသင်တဲ့အခါ စိတ်အေးချမ်းရတာပေါ့။

ဒုတိယထပ်မှာတော့ ဆင်ဝင်ရဲ့အပေါ်မှာ ဝရန်တာ အရှည်ထုတ်ထားသည်။
ဒန်းလေးတောင် ပါလိုက်သေး၏။
ဟိုလူကြီးအခန်းကလည်း ဒုတိယထပ်မှာတဲ့။ ဆိုတော့ ဒုတိယထပ်မှာ သူမအခန်း၊ သူ့အခန်း၊ စာကြည့်ခန်း၊ နက်စွေးနေတဲ့တံခါးပေါ်မှာ ပန်းနွယ်အချို့ ကနုတ်ထွင်းထားတဲ့ အခန်းနဲ့ အခန်းကျယ် နှစ်ခန်းရှိသည်။

ပထမထပ်မှာတော့ အထွေအထူးမရှိပါ။ ဧည့်ခန်း၊ထမင်းစားခန်းအပြင် Master bedroom ငါးခန်းပါရှိသည်။

တစ်အိမ်လုံးကို လျှောက်ကြည့်ပြီးတော့ သူမအခန်းထဲပြန်ရောက်တော့ မနေ့က သူသူမအတွက် အချိန်စာရင်းပေးမယ်ပြောထားတာကို သတိရသွားသည်။

သူမသတိရတာ‌တောင် နောက်ကျနေသေးသည်။ သူက တစ်ယောက်ယောက်နဲ့အချိန်စာရင်းပေးခိုင်းလိုက်ပြီ။

သူမလက်ထဲရောက်လာတဲ့ အချိန်စာရင်းဇယားလေးကတော့ တကယ်ကို သေသေသပ်သပ်ပါပဲ။

မနက်ဖြန်စာစသင်ရမှာဆိုတော့ ဒီနေ့ထဲက ပြင်ဆင်ထားမှ အဆင်ပြေလိမ့်မည်။
____
ဦးထွဋ်မဟာနဲ့ စာသင်ရတာ အခုဆို တစ်လလောက်တော့ရှိပြီဖြစ်သည်။ အစက သူ့သတင်းေတွကြောင့်စိုးရိမ်မိပေမယ့် အခုတော့အတော် အဆင်ပြေပါသည်။ ဒီစာတွေက ရေလှိုင်းတစ်နှစ်သင်ခဲ့ဖူးတော့ စိမ်းလည်းမစိမ်းပါ။

ရေလှိုင်းက ဉာဏ်ကောင်းတာမို့ ဦး‌ထွဋ်မဟာအပြင် အခြားဆရာတွေသင်တဲ့စာတွေကိုလည်း လိုက်နိုင်သည်။ ဒါဖြင့် ဆယ်တန်းကဘာလို့ကျလဲဆိုရင်တော့ ရေလှိုင်းရဲ့ ပျင်းပြီးရှမ်း တတ်တဲ့အကျင့်ဆိုးကြောင့်ပင်။

My Dominant FiancèWhere stories live. Discover now