Chapter 4

10K 224 45
                                    

ရေလှိုင်းတစ်ယောက် ဦးထွဋ်မဟာဆီက အရိုက်ခံရပြီးနောက်ပိုင်း ငြိမ်ကုပ်နေတာ သုံးပတ်ကျော်ပြီ။ အပိုးလည်းအတော်ကျိုးနေသည်။ ထပ်အရိုက်ခံရမှာ ကြောက်လို့လားဆိုတော့လည်း မဟုတ်ပါ။ အဲ့တုန်းက အရိုက်ခံရပြီး
အဲ့ကိစ္စကို ပြန်တွေးတုန်းကတောင် သဘောကျသလို ရှိသေးတယ်။ ငြိမ်နေတာကတော့ ဦးထွဋ်မဟာရဲ့ နောက်ထပ် အပြစ်လုပ်ရင် သူ့ဘော်ဒါမှာပဲသွား‌ေနခိုင်း‌ေတာ့မယ်ဆိုတဲ့စကားကြောင့်ပါ။ ရေလှိုင်းက လူတွေစုပြီးနေရတာကို သိပ်သဘောမကျပေ။ ခရီးတွေဘာတွေသွားတဲ့ခဏတဖြုတ်ဆိုထားဦးပေါ့။ အခုလို နေ့တိုင်းကြီး အတူစုနေရမယ်ဆိုရင်တော့ ရေလှိုင်းစိတ်ရှုပ်လို့သေသွားနိုင်သည်။

အခုလိုခြံထဲဆင်းလျှောက်ရင်း ဘေးအိမ်က သူမနဲ့ရွယ်တူ ကောင်မလေးနဲ့လည်း သူငယ်ချင်းဖြစ်နေသေးသည်။ ဒီအိမ်ရောက်ထဲက အိမ်ထဲက အိမ်ပြင်မထွက်ရ‌သေးတာမို့ အဖော်လည်းရှာလို့မရပါ။ တစ်ဦးတည်းသောသမီးမို့ အဖော်မက်တဲ့ရေလှိုင်းအတွက် ဘေးအိမ်ကကောင်မလေးက ကန္တာရထဲက အိုအေစစ်လေးလိုပင်။

အခုလည်း အရင်တစ်‌ခေါက်ကလို အိမ်စာပေးလိုက်တာကို မလုပ်ဘဲ ခြံ‌ရဲ့ အုတ်တံတိုင်း အပေါက်လေးကြားကနေ စကားလှမ်းများနေသည်။ ဒီအပေါက်ရဲ့ အရှေ့မှာ သရက်ပင် အကြီးကြီးရှိနေလို့ ခြံစောင့်ဘဘ ကမမြင်သေးတာဖြစ်မည်။

ရေလှိုင်းကတော့ သရက်သီး တက်ခူးရင်းနဲ့ မြင်ထားတာပါ။ ဟုတ်ပါတယ် သရက်ပင်‌ေပါ် တက်ခူးတာပါ။ ဦးထွဋ်မဟာသာ သိရင် အဆူခံလိုက်ရမယ့် ဖြစ်ခြင်း။ တော်သေးသည်က အဲ့တုန်းက သူ့ဘော်ဒါက ရှစ်တန်းကျောင်းသားတွေရဲ့ လပတ်စာမေးပွဲအမှတ်စာရင်းတွေစစ်ရင်း ဘော်ဒါမှာ ညအိပ်လိုက်တဲ့နေ့မလို့။

"‌ဒါနဲ့လေ လှိုင်း နင်တို့အိမ်ကလေ ဟိုမျက်ခုံးကောင်းကောင်း နှာတံမြင့်ပြီးစင်းနေတဲ့ ကိုကြီးက ချောတယ်နော် ဟိဟိ"

"ဪ ကိုကို့ကိုပြောတာလား? အင်း သူကနည်းနည်းတော့ ချောသလိုလိုပါပဲ။ ဒါပေမယ့် ဒေါသတော့ကြီးတယ်ဟ။ သူမှာတဲ့အတိုင်းလုပ်မလာရင် ‌ကြောက်စရာကြီး"

"စကားနားထောင်ရင်တော့ ကြောက်ဖို့ကောင်းမယ့်ပုံ မပေါ်ပါဘူးဟာ။ သူက နင့်အကိုလား?။ နင့်အကိုဆို ငါတို့ယောက်မတော်ရအောင်လေ။"

My Dominant FiancèWhere stories live. Discover now