ခင်ပွန်းလောင်းအိမ်သို့ ပြောင်းရွှေ့ခြင်း။
တက္ကစီပေါ်ကနေ ခရီးဆောင်အိတ်လေးချလို့ဆင်းလိုက်ပြီး ရေလှိုင်းပြာ သူမနေရမယ့် နွေဦးမဟာစံအိမ်ကြီးကို ကြည့်လိုက်သည်။ ခြံက အတော်လေးကျယ်သလို အပင်တွေလည်းစုံလှသည်။ စိမ်းလန်းနေတဲ့မြက်ခင်းပြင်တွေ အုံ့မှိုင်းနေတဲ့အပင်တွေအပြင် နှင်းဆီပန်းခင်းရောင်စုံကြီးလည်းရှိသည်။ ငေးနေတုန်း ခြံစောင့်က တံခါးလာဖွင့်ပေးတာကြောင့် သူမ ထိုခြံထဲသို့ ခြေချလိုက်သည်။ ခြံစောင့်က သူမကိုမြင်တာနဲ့ ခေါင်းငုံ့ကာ အရိုအသေပေး၏။ ဘယ်လောက်ပဲ အဆင့်တန်းခြားခြား သူမက 21 ရာစုရဲ့မိန်းမပျိုမို့ အဆင့်တန်းခွဲခြားတဲ့စရိုက်မရှိပါ။ သူမ အဖေအရွယ်လောက်က အခုလို ခေါင်းငုံ့ကာ နေတော့ နေရခက်ပါသည်။
"ရပါတယ် ဦးလေး။ ခေါင်းပြန်မော့ပါ ။ အဲ့လောက်ထိရိုကျိုးဖို့ မလိုပါဘူး ။ "
သူမပြောတော့မှ ထိုခြံစောင့်ဦးလေးကြီးက ခေါင်းပြန်မော့ကာ ပြောလာ၏။
"သခင်ကြီးက သခင်မလေး လာရင် အိမ်ထဲမှာ စောင့်နေဖို့မှာထားပါတယ်။ အခု သခင်ကြီးက အပြင်သွားနေလို့ပါ။ ခဏနေပြန်ရောက်ပါမယ်တဲ့။"
"ဟုတ်ကဲ့။ ဒါဆို ကျွန်မအထဲမှာသွားစောင့်နေလိုက်ပါ့မယ်။ "
ရေလှိုင်း ခရီးဆောင်အိတ်လေးကိုဆွဲကာ ထွက်လာခဲ့လိုက်သည်။ နောက်မှ ခြံနဲ့အိမ်အကွာအဝေးကိုကြည့်ကာ စိတ်ပါလေသွားတော့သည်။
သူမတို့ကလည်း ချမ်းသာတယ်ဆိုသော်ငြား အိမ်နဲ့ ခြံကို ဒီလောက်ဝေးအောင်မဆောက်ထားပါ။ နန်းသွေးအနွယ်ဝင်မို့ ဦးထွဋ်မဟာ ချမ်းသာမှုကမနည်းဆိုတာသိပေမယ့် အိမ်ကိုတောင် ထိုမျှလောက်ထိ ကြီးကြီးကျယ်ကျယ် ဆောက်မည်ဟုမထင်ထားတာတော့ အမှန်ဖြစ်သည်။ အခုတော့လျှောက်ပေဦးတော့ ရေလှိုင်းပြာရေ။ခမ်းနားစွာ သုံးထပ်ဆောက်ထားတဲ့အိမ်ကြီးရှေ့ နောက်ဆုံးတော့ေရလှုိင်းရောက်လာခဲ့လေပြီ။
ဆင်ဝင်အောက်မှာ ခရီးတောင်အိတ်လေးချလို့ အမောဖြေနေလိုက်သည်။" အမယ်လေး မောလိုက်တာ။ငလူးမို့ အိမ်ကို ခြံဝ နဲ့ဒီလောက်အဝေးကြီး ဆောက်ထားတာလားဟ။sh*t"
YOU ARE READING
My Dominant Fiancè
Romanceအသားနာတာကို နည်းနည်းလေးမှ မကြိုက်တဲ့ငါက ဘာလို့အပြစ်ပေးခံရတာကို သဘောကျနေရတာလဲ? အပြစ်ပေးတဲ့လူကိုပဲသဘောကျတာလား? ဒါမှမဟုတ်နှစ်ခုလုံးလား?