အပေါ်ထပ် စာကြည့်ခန်းထဲရောက်တော့ ကိုကိုက မှန်တွေအားကာထားတဲ့ လိုက်ကာတွေကို ရေလှိုင်းအား သွားဆွဲဖွင့်ခိုင်း၏။ သို့သော် မှန်များက ရေလှိုင်းမှန်းထားသလို အပြင်ဘက်သို့ မြင်ရတဲ့မှန်တွေ မဟုတ်ဘဲ ကိုယ့်ကိုယ့်ကိုယ် ပြန်မြင်ရတဲ့ မှန်တွေ ဖြစ်နေ၏။ ကိုကိုဘယ်တုန်းက ပြောင်းတပ်လိုက်လဲတောင် မသိလိုက်ပါ။ ဒါလဲကောင်းတာပါပဲ အပြင်က မမြင်ရတော့ဘူးပေါ့။
"လိုက်ကာတွေ ဖွင့်ပြီးရင် ပန်းအိုးထဲက မင်းကြိုက်တဲ့ ကြိမ်လုံးတစ်လုံး သွားထုတ်ခဲ့ရေလှိုင်းပြာ။"
Whiteboard ဘေးနားထောင်ထားတဲ့ ပန်းအိုးအကြီးကြီးထဲ၌ ကြိမ်လုံးများအား အစီအရီထောင်၍ အခန်းအလှဆင်ထားတဲ့အထဲက ရေလှိုင်း ကြိမ်လုံး သွားရွေးခဲ့ကာ Whiteboard ရှေ့က ဦးထွဋ်မဟာသုံးနေကြ စားပွဲပေါ် တင်ပေးထားလိုက်၏။ ကြိုက်တဲ့ကြိမ်လုံးလားဆိုရင်တော့ ဘယ်ဟုတ်မလဲ။ အခုချိန်မှာ ဘယ်ကြိမ်လုံးကိုမှ ကြိုက်မနေပါဘူးနော်။ ဦးထွဋ်မဟာက ရေလှိုင်းလုပ်သမျှကို စာသင်ခန်းထဲရှိ ထိုင်ခုံတစ်ခုပေါ်၌ေခြချိတ်ထိုင်၍ သေချာလိုက်ကြည့်နေသည်။ ရေလှိုင်း ကြိမ်လုံးအား စားပွဲေပါ်တင်ပြီး စားပွဲဘေး၌ လက်ပိုက်ပြီး ရပ်လိုက်မှ ဦးထွဋ်မဟာသည် ထိုင်ရာမှ ထကာ သူမရွေးချယ်ထားသော ကြိမ်လုံးကို ကောက်ကိုင်လိုက်သည်။ ထို့နောက်သူမ ဘက်သို့လှည့်၍ နောက်မှီပါသောသစ်သား ကုလားထိုင်ကို ပြတင်းပေါက်မှန်ရှေ့သို့ ယူစေ၏။
သစ်သားကုလားထိုင် ပြတင်းပေါက်မှန်ရှေ့သို့ရောက်တော့ သူမအား ထိုခုံပေါ်သို့ ဘေးတိုက် ဒူးထောက်ထိုင်စေ၏။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းအားဖိချ၍ ထိုင်ခုံအောက်သို့ လက်ထောက်စေသည်။ အခု သူမပုံစံက ခန္ဓာကိုယ် ေအာက်ပိုင်းပဲ ခုံပေါ်မှာ ရှိတော့ကာ အပေါ်ပိုင်းက ခုံအောက်လက်ထောက်ထားရသဖြင့် ဖင်ထောင်ကုန်းနေသလို ဖြစ်နေသည်။ဒူးဖုံးသော ဂါဝန်တိုလေးမှာလဲ ပေါင်လည်လောက်အထိ တိုတက်နေပြီဖြစ်၏။
ဦးထွဋ်မဟာက ရေလှိုင်းနေရာယူပြီးသည်နှင့် ရေလှိုင်းရဲ့ ဂါဝန်ကို မကာ ခါးစည်းကြိုးချည်ထားသောနေရာသို့ လိပ်ထည့်လိုက်သည်။ ထို့နောက် သူမရဲ့ အတွင်းခံဘောင်းဘီအား ဒူးအထိဆွဲချွတ်လိုက်၏။ အတွင်းခံဘောင်းဘီ လွတ်သွားသည်နှင့် အေးခနဲဖြစ်သွားသော အနောက်ပိုင်းအားခံစားလိုက်ရသည်။ အခုလက်ရှိ သူမရဲ့ကိုယ်ပိုင်ပစ္စည်းလေးမှာ အကာအကွယ်မဲ့စွာပေါ်ထွက်နေတော့မှာကိုလဲ သိလိုက်သည်။
YOU ARE READING
My Dominant Fiancè
Romansaအသားနာတာကို နည်းနည်းလေးမှ မကြိုက်တဲ့ငါက ဘာလို့အပြစ်ပေးခံရတာကို သဘောကျနေရတာလဲ? အပြစ်ပေးတဲ့လူကိုပဲသဘောကျတာလား? ဒါမှမဟုတ်နှစ်ခုလုံးလား?