ရေလှိုင်းတစ်ယောက် ဒီရက်ပိုင်းဘုရားတရားမြဲနေသည်။ အကြောင်းကတော့ သူမဖြေထားသည့် monthly test results ထွက်တော့မယ်ဆိုလို့ပင်။ သတ္တိကောင်းလှတဲ့သူမက Bio ကို Chapter တွေ အကုန်နီးပါးပယ်ကျက်ပြီး ဖတ်ရုံသာဖတ်ပြီးဖြေခဲ့သည်။ မနှစ်က အတွေ့အကြုံတွေနဲ့ယှဉ်ပြီး အဲ့လိုပယ်ရဲတဲ့သတ္တိရှိတယ်မထင်လိုက်ပါနဲ့ ကိုယ့်ဘာသာ ပျင်းလို့ပယ်တာပါ။ မြန်မာစာဆိုလည်း မွေးထဲက လုပ်လာတဲ့စာပဲဟာ အေးဆေးဆိုပြီး မြန်မာစာဆရာမ မေးမယ်ထင်တဲ့ တစ်ပုဒ်နှစ်ပုဒ်လောက်သာ သေချာကျက်ပြီး ကျန်တာတွေကို အရံလောက်သာကြည့်ပြီးဖြေခဲ့သည်။ Physics နဲ့ chemistry ကတော့သူမပိုင်ပါသည်။ ဦးထွဋ်မဟာရဲ့ Mathematics နဲ့ English ကတော့ သေချာကို အပိုင်လုပ်ထားရသည်မို့ ယုံကြည်ချက်ရှိပါသည်။ ဒါတောင် အဲ့လူကြီးက ဘာသာစုံ ဂုဏ်ထူးမှတ်နဲ့အထက် မရရင်နာမယ်တဲ့။ သူ့ဘာသာတွေ သျှမ်းရင် ပိုနာမယ်ဆိုတာကပါသေး။
ဇာတ်ပေါင်းသော် ရေလှိုင်းပြာမှာစာမေးပွဲမှာ ဖြေချင်တာတွေ ဖြေခဲ့ပြီးမှ ဦးထွဋ်မဟာဆီက လျော့လျော့ပေါ့ပေါ့ အရိုက်ခံရရေးအတွက် အားတာနဲ့ ဖုန်းကိုချ ပုတီးကိုမပြီး တတ်သလောက်မှတ်သလောက် ဘုရားစာတို့ဖြင့် ဘုရားခန်းထဲ အမြဲရောက်နေတော့သည်။
"အားတဲ့ဘုရားဆင်းကယ်တော်မူပါဘုရား။ တပည့်တော် ဦးထွဋ်မဟာဘာသာက လွဲပြီး ကျန်ဘာသာများ တစ်ဘာသာမှ မဖြေနိုင်တာကြောင့် အရိုက်ခံရမယ်မှန်းကျိန်းသေသိပါတယ်ဘုရား။ သို့ပေမယ့် ရိုက်မယ့်ဦးထွဋ်မဟာ လက် တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်။ တပည့်တော်အားရိုက်ဖို့ အချိန်မရှိအောင် အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်သွားပါစေဘုရား။ "
နေ့စဉ်တောင်းနေသော ဆုတစ်ခုအားတောင်းအပြီးမှာတော့ ဦးသုံးကြိမ်ချလို့ ရေလှိုင်းဘုရားဝတ်ပြုခြင်းကို အဆုံးသတ်လိုက်သည်။ results က မနက်ဖြန်ထွက်မယ်ပြောသည်။ အခြေနေတွေ တအားမဆိုးဖို့တော့မျှော်လင့်ရတာပါပဲ။ ကံလေးများကယ်မလားပေါ့လေ။ သို့ပေမယ့် ရေသောက်ရင်တောင် အရိုးစူးလောက်မယ့် သူမရဲ့ကံတရားကြီးကတော့ သူမကို မျက်နှာသာမပေးခဲ့ပါ။
Results တွေ လက်ထဲရောက်လာတော့ အချိန်မှာတော့ ရေလှိုင်းပြာခေါင်းထဲ အတွေးတစ်ခုပဲဝင်တော့သည်။ "ငါတော့ ဦးထွဋ်မဟာဆီ အရေခွံနွှာခံရတော့မယ်။ ကယ်တော်မူကြပါ အူးဝါးးးးး"။
YOU ARE READING
My Dominant Fiancè
Romanceအသားနာတာကို နည်းနည်းလေးမှ မကြိုက်တဲ့ငါက ဘာလို့အပြစ်ပေးခံရတာကို သဘောကျနေရတာလဲ? အပြစ်ပေးတဲ့လူကိုပဲသဘောကျတာလား? ဒါမှမဟုတ်နှစ်ခုလုံးလား?