Chapter 7

3.5K 75 4
                                    

ရေလှိုင်းနိုးလာတော့ သူမနဲ့ရင်းနှီးနေတဲ့ မျက်နှာကျက် ကို တွေ့လိုက်ရသည်။ ထို့နောက် သူမရဲ့ကိုယ်ပေါ်ကို ပြန်ကြည့်တော့ သင်တန်းသွားတုန်းက အဝတ်တွေနဲ့မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်သော အိမ်နေရင်း ဝတ်စုံကို တွေ့လိုက်ရသည်။  ငါဘယ်တုန်းက အိမ်‌ပြန်ရောက် အခန်းထဲဝင် အဝတ်လဲပြီး အိပ်လိုက်တာတုန်းဟ?။

"ဝှားးး"

ရေလှိုင်း တစ်ချက်သမ်းလိုက်ပြီး စားပွဲပေါ်က ဖုန်းကိုလှမ်းယူကာ နာရီကြည့်လိုက်တော့ 8:45 PM ဟုပြနေ၏။
ထို့နောက် ဖုန်းဘေးက စားပွဲတင် မီးအိမ်ပေါ်တွင် ကပ်ထားခဲ့သော note လေးကိုလဲ တွေ့၍ ကြည့်လိုက်ရာ လက်ရေးခပ်သော့သော့ဖြင့်ရေးထားသော

*နိုးလာရင် အောက်မှာ အမူးပြေဟင်းရည်သွားဆင်းသောက်လိုက်။ ကိုယ် ဒီနေ့ည အိမ်ပြန်နောက်ကျမှာမို့ စောင့်မနေနဲ့။*
ဟူသော စာသားလေးများကို နွေးထွေးဖွယ်တွေ့လိုက်ရ၏။ တကယ်တကယ် ကိုယ့်ခင်ပွန်းလောင်းမို့ပြောတာမဟုတ်ဘူး။ ဦးထွဋ်မဟာက ပိုပိုချစ်ချင်စရာကောင်းလာတာပါဆို။ တွေးရင်း သူမ ထို note လေးအား နောက်တစ်ကြိမ်ပြန်ဖတ်လိုက်၏။

* နိုးလာရင် အောက်မှာ အမူးပြေဟင်းရည် ဆင်းသောက်...သောက်....* ဟမ်? နေပါဦး အမူးပြေဟင်းရည်? အမူးပြေဟင်းရည်ဆိုတော့ ငါမူးလာမှန်းဦးထွဋ်မဟာက ဘယ်လိုသိတာလဲ?။

ရေလှိုင်းစဉ်းစားရင် စဉ်းစားရင်းမှ Day club ရှေ့တွင် ဦးထွဋ်မဟာကို အပီအပြင်ကြူးနေတဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်လာသည်။ ထို့နောက် ဦးထွဋ်မဟာမှ သူမကို ပွေ့ချီကာ ကားအထိပြန်ခေါ်လာသည် အထိပြန်မှတ်မိသွားဧ။်။ နောက်ပိုင်းတွေကတော့ သူမအိပ်‌ေပျာ်သွားလို့မသိ‌ေတာ့ပါ။ အကျိုးနည်းပါပေ။ ဦးထွဋ်မဟာမသိအောင် သင်တန်းလစ်ပါတယ်ဆိုမှ ဉီးထွဋ်မဟာကိုယ်တိုင် လစ်သွားတဲ့နေရာက အိမ်ကို ပြန်ခေါ်လာရတဲ့အဖြစ်နဲ့မှ ကြုံရတယ်လို့။ 

ဒါမျိုးမှ ဒုက္ခနဲ့ ရေလှိုင်းတွေ့တယ် မခေါ်ရင် ဘယ်ဟာကို ခေါ်မှာတုန်း။ ငါအရင်ဘဝက ဘာတွေများလုပ်ခဲ့မိလို့ မဟုတ်တာလုပ်တိုင်း ဦးထွဋ်မဟာဆီမိနေရတာလဲ‌ေဝ?။ ဒါမှမဟုတ် ဦးထွဋ်မဟာက ငါမဟုတ်တာမလုပ်မိဖို့ ကံကြမ္မာက စီစဉ်ပေးလိုက်တဲ့ လူများ(မြန်း)လား?။ ဘာနေနေဟာ.....လာမယ့်ဘေးသာပြေးတွေ့လိုက်တော့မယ်။ အမှန်ဆို ဘဝအတေ‌ွ့အကြုံပဲယူချင်ခဲ့တာ ကြိမ်လုံးအတွေ့အကြုံကိုတော့ မမှန်းထားဘူးလေလို့။

My Dominant FiancèWhere stories live. Discover now