Chapter 6

4.6K 158 30
                                    

အပိုင်း(၆)

အချိန်များတစ်ရွေ့ရွေ့ကုန်ဆုံးရင်း ရေလှိုင်းတို့ ဆယ်တန်းစာမေးပွဲကြီးပြီးဆုံးသွားတော့သည်။ ရေလှိုင်း အမှတ်စာရင်းများကတော့ ဟိုတစ်ခါ ဦးထွဋ်မဟာဆီက စာကြည့်ခန်းထဲခေါ်ပြီး ရှယ်ပလန်နဲ့အကျွေးခံလိုက်ရပြီးထဲက ထိုးတက်သွားတာများ အာကသထဲလွှတ်လိုက်တဲ့ ဒုံးကျည်တွေလိုပင်။ မတက်လို့လဲမရဘူး အဲ့လူကြီး gym တွေဆော့ထားတာ လက်မောင်းကြွက်သားတွေက သွားနောက်လို့မရဘူး။ တစ်ခါရိုက်ရင် တစ်ခါနင့်နေအောင်ခံလိုက်ရမယ့်ဖြစ်ခြင်း။ ဆယ်တန်းစာမေးပွဲကိုတော့ လွတ်လွတ်ကျွတ်ကျွတ်အောင်မယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ် ဦးထွဋ်မဟာက အမှတ်ငါးရာမကျော်ရင် သူ့ ကြိမ်လုံး box ထဲက ကြိုက်တာရွေးထားတဲ့:')။ ‌အောင်ရင်တော်ပြီပေါ့ ဘာလဲ။ အဲ့လူကြီး တော်တော် လောဘကြီးတယ်။ ဒါလဲ စိတ်ထဲသာ တွေးရဲသာ အပြင်မှာတော့ တဟုတ်ဟုတ်နဲ့ ငြိမ်ကုပ်နေရတာ လူတိုင်းအသိ။

ဆိုတော့က ရေလှိုင်းရဲ့နေ့ရက်လေးများဟာ ရောင်ခြည်ဖြာနေပါသည်။ မနက်ဆို ဦးထွဋ်မဟာနဲ့အတူမနက်စာစား၊ဖုန်းသုံး နေ့လယ်ရောက်ရင် နေ့လယ်စာစား၊တစ်ရေးအိပ်၊ ဦးထွဋ်မဟာပြန်လာရင် ထွက်ကြို၊ ညနေစာစား ဟိုယောင်ယောင်ဒီယောင်ယောက်လုပ် ပြီးရင် ညနက်တဲ့အထိဖုန်းကြည့် အိပ်ရာဝင်နဲ့ နေ့ရက်တိုင်းဟာပုံမှန်လည်ပတ်နေသည်။  ဦးထွဋ်မဟာကတော့ အပြင်သွားချင်ရင် သူအချိန်ညှိပြီး လိုက်ပို့မယ်ပြောပေမယ့် ရေလှိုင်းကိုယ်တိုင်က အထွေအထူးသွားချင်နေတဲ့ နေရာမရှိလို့ မသွားချင်ဘူးလို့သာ ပြန်ပြောလိုက်သည်။
မိဘအိမ်မပြန်ဘူးလားဆိုရင်တော့ စာမေးပွဲဖြေပြီးတာလဲ တစ်ပတ်လောက်ပဲရှိသေးသလို ‌ရေလှိုင်းကိုယ်တိုင်ကလဲ မေမေတို့ဆီမပြန်ချင်သေးတာကြောင့် ဦးထွဋ်မဟာအိမ်မှာပဲဆက်နေဖြစ်သွားသည်။
မွေးမိခင်ဖခင်တို့ကတော့ စိတ်ချလက်ချ အောင်စာရင်းထွက်မှပြန်လာချင်ပြန်လာပါတဲ့။ တစ်ဦးတည်းသောသမီးလေး သူစိမ်းယောကျာ်းအိမ်မှာ ဘယ်လိုနေရမလဲ တစ်ချက်မပူဘူး အဟင့်။

*တီ*

ဟော...အိမ်ရှေ့က ကားဟွန်းသံကြားတယ်။ ဦးထွဋ်မဟာပြန်လာပြီထင်တယ်။ သွားကြိုလိုက်ဦးမယ် ဟဲဟဲ။ ဒီရက်ပိုင်း ဦးထွဋ်မဟာက သူမအတွက် မုန့်တွေဝင်ဝင်ဝယ်လာခဲ့ပေးတာမို့ ဦးထွဋ်မဟာပြန်လာတဲ့အချိန်ကို နားစွင့်ရတာ တစ်ပတ်အတွင်း အကျင့်‌ေတာင်ဖြစ်နေပြီ။ အရင်ကလဲ ဝယ်လာပေးတတ်ပေမယ့် မုန့်တွေက သူမဆီမရောက်ပါ မီးဖိုထဲကကောင်မလေးတွေသိမ်းထားပြီး သူမ စာလုပ်ပြီးလို့နားတံ့အချိန်မျိုးမှသာမြင်ခွင့်ရတာ။ စာလုပ်ရင်းမုန့်စားဖို့ဆိုတာဝေးးးလို့။

My Dominant FiancèWhere stories live. Discover now