(Unicode)
"Jihoon ah~~"
"Jihoon...?"
"Ya! Park Jihoon!!"
Junkyu ၏စိတ်မရှည်စွာ ခေါ်ဆိုသံကြားမှ Jihoon လည်းအတွေးလွင့်နေရာမှ ပြန်လည် အသိစိတ်ကပ်လာတော့သည်။
"ဟင်? အင်း...ခုနကဘာပြောလိုက်တာလဲ?"
"ကြည့်ပါလား! ငါပြောနေတာကို တစ်ခုမှနားမထောင်နေဖူး။ အာရုံတွေက ဘယ်ရောက်နေတာလဲ?"
"အာ...ငါစဥ်းစားစရာတစ်ခုရှိနေလို့ပါ။ ခုနကပြောနေတဲ့အကြောင်း ပြန်ပြောပါအုံး..ငါမကြားလိုက်လို့"
"တော်ပါပြီ! စိတ်နဲ့လူနဲ့မကပ်တဲ့သူကိုပြောနေပြီး ဘာလုပ်ရမှာမို့လို့လဲ? ငါသွားပြီ...."
ပြောရင်းဆိုရင်း Junkyu မှာ စိတ်ကောက်သည့်ဟန်ဖြင့် Jihoon နားမှ ထထွက်သွားတော့သည်။ Jihoon သည် ခေါင်းကိုတစ်ချက်ကုတ်ရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ
"Ahh...Choi Hyunsuk...တကယ်ပါပဲ...hyungက ခုတလော စိတ်ရှုပ်ဖို့ကောင်းနေတယ်ဆိုတာ သိရဲ့လား.."
တစ်ကိုယ်တည်းတီးတိုးရေရွတ်ရင်း Jihoon သည် သူ့စိတ်ထဲတွင် မတင်မကျဖြစ်နေသည့်အရာကို ပြန်တွေးနေမိပြန်သည်။
~~~~~
ရင်းနှီးနေသည့်နောက်ကျောပုံရိပ်လေးတစ်ခု...။
အ၀ေးမှကြည့်ရုံဖြင့် ဒါက Hyunsuk hyung ဆိုတာ Jihoon အတိအကျပြောနိုင်သည်။ ထို့ကြောင့် ထုံးစံအတိုင်း စနောက်ဖို့အကြံရသွားတာကြောင့် တိတ်တဆိတ်ချဥ်းကပ်သွားကာ ထိုသူကို အနောက်မှ ရုတ်တရက်ပွေ့ချီလိုက်တော့သည်။
"Ahhh...!!"
စူးခနဲအလန့်တကြားအော်သံတစ်ခုနှင့်အတူ ခန္ဓာကိုယ်တစ်ခုက ဆွေ့ခနဲ သူ့လက်မောင်းကြားအလိုက်သင့်ပါလာသည်။ အံ့သြတုန်လှုပ်လျက်ရှိသော မျက်၀န်းများကို မြင်ရသည့်အခါ Jihoon ဟက်ဟက်ပက်ပက်ရယ်မောမိတော့၏။ Hyunsuk ကသူ့ကို တစ်ချက်ရိုက်ရင်း...
"Yaa!Jihoon...ငါတကယ်လန့်သေတော့မလို့ သိရဲ့လား?"
"hyung ကလည်း ကျွန်တော်အမြဲတမ်းဒီလို စနေကျဘဲကို...ခုချိန်ဆို နေသားကျသင့်နေပြီမဟုတ်ဖူးလား?"
YOU ARE READING
Prank // Hoonsuk
Fanfiction(Unicode) Jihoon ကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် သူရင်းနှီးတဲ့သူတွေကို အမြဲစနောက်လေ့ရှိသူဖြစ်သည်။ သို့ပေမယ့် တစ်ရက်မှာ သူစနောက်ရတာ သဘောအကျဆုံးဖြစ်တဲ့ Hyunsuk hyung က သူ့ကို ရှောင်ဖယ်ပြီး ခပ်ခွာခွာနေလာခဲ့သည်တဲ့။ Hyunsuk ရဲ့ရုတ်တရက် ပြောင်းလဲသွာ...