(7)

180 19 2
                                    

(Unicode)

"hyung... အဆင်ပြေတာသေချာလို့လား? ခြေထောက်ဒဏ်ရာကဖြင့် ကောင်းသေးတာမဟုတ်ဘူး"

"လမ်းလျှောက်ရုံလောက်က ဘာမှမဖြစ်ပါဘူး။ အမြဲဆေးလိမ်းပြီးဂရုစိုက်နေတော့ တော်တော် သက်သာနေပါပြီ။ ငါလည်း အိမ်မှာနေရတာ ပျင်းလို့လေ။ ဒီလိုထွက်လာရတာ အပျင်းပြေတယ်"

Hyunsuk နှင့် Jihoon သည် အိမ်အနီးရှိ စျေး၀ယ်စင်တာတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်၏။ အရင်နေ့ကပြောခဲ့သည့်အတိုင်း ညနေစာချက်စားကြဖို့အတွက် Hyunsuk ကအကြံပြုလာသောကြောင့် ယခုအခါတွင် လိုအပ်သည့်ပစ္စည်းများကို လာ၀ယ်နေကြလေသည်။

Hyunsuk သည် ဟင်းချက်ရခြင်းကို နှစ်သက်လွန်းသောကြောင့်တော့ မဟုတ်။ တစ်နေ့လုံးမှိုင်တွေနေသော Jihoon အတွက် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ရည်ရွယ်ခြင်းသာ...။ ပျော်ရွှင်တက်ကြွစွာ နေတတ်သည့် Jihoon နှင့် အခန်းတွင်းအောင်းနေခြင်းက လိုက်မှမလိုက်ဖက်သည်လေ...။ Jihoon ၏အခက်အခဲကို သူမသိနိုင်ပေမယ့် အနည်းဆုံးတော့ ထိုစိတ်ညစ်စရာများထဲမှ Jihoon ကိုနှစ်သိမ့်ပေးချင်မိသည်။ အစ်ကိုတစ်ယောက်...၊ ရင်းနှီးသည့်သူငယ်ချင်းတစ်ယောက်အနေဖြင့် ဆိုလျှင်တောင် အဆင်ပြေပါသည်။

"Hyung...ကျွန်တော့်ကိုသာယုံထားလိုက်...ဒီညနေစာလုံး၀အကြိုက်တွေ့စေရမယ်"

Jihoon သည် ပုံမှန်အတိုင်း ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာကာ ပါ၀င်ပစ္စည်းများတစ်ခုပြီးတစ်ခု ရွေးချယ်၀ယ်ယူနေလေသည်။ ဤမှ Hyunsuk လည်းပြုံးလိုက်မိတော့၏။

"အရသာရှိရှိလေးဖြစ်ဖို့အတွက် သေချာအကူအညီတောင်းတယ်နော်...။"

~~~~~

အိမ်ပြန်ရောက်၍ ဟင်းချက်လုပ်ငန်းစဥ်များစတင်သည့်အခါ Hyunsuk သည် အခက်တွေ့နေရ၏။ သူတစ်ခါမှဟင်းချက်ဖူးခြင်းမရှိခဲ့။ ဘာလုပ်ရမလဲဆိုသည်ကိုလဲမသိသောကြောင့် အကူအညီထက် အနှောင့်အယှက်ပိုဖြစ်မည်ကို စိုးရိမ်နေသည်။ သူ့ပုံစံကို Jihoon ကလည်း သတိထားမိသွားပုံရကာ...

"hyung... ခဏသွားနားနေလို့ရပါတယ်။ အဆင်သင့်ဖြစ်မှ ကျွန်တော်ခေါ်လိုက်မယ်လေ"

Prank // HoonsukWhere stories live. Discover now