(4)

170 19 0
                                    

(Unicode)

"Hyung တကယ်ရူးသွားပြီလား?!!"

"Hyunsuk hyung တစ်ခုခုဖြစ်ရင် ကျွန်တော် hyung ကိုလုံး၀ခွင့်မလွှတ်ဘူး!"

Jihoon ၏ကားမောင်းနေသည့်လက်များက တုန်ယင်နေသည်။ Doyoungကို ပြောပြလိုက်တော့ ထင်သည့်အတိုင်း Doyoung မှာ သူ့အားအလွန်ဒေါသထွက်နေ၏။ Doyoung သူ့အပေါ် ဒေါသထွက်အပြစ်တင်မှုများကို Jihoon လက်ခံနိုင်ပါသည်။ ဒါဖြစ်သင့်တဲ့ကိစ္စပဲ။ ဒါပေမယ့် Hyunsuk တစ်ခုခုဖြစ်သွားရင်ဆိုတဲ့စကားကြီးကတော့...

"Doyoung...အဲ့လိုမပြောနဲ့! Hyunsuk hyung ကအဆင်ပြေပြေရှိနေမှာပါ...။ သူဘာမှဖြစ်မှာမဟုတ်ပါဘူး"

"Hyung! hyung လုပ်ရပ်ကို သေချာပြန်စဥ်းစားပြီးမှပြောပါ။ Hyunsuk hyung က trauma လိုမျိုး သရဲတွေကိုကြောက်တတ်တယ်ဆိုတာသိရဲ့သားနဲ့...hyung က သရဲအိမ်ပုံစံပြင်ထားပြီး အဲ့ကို Hyunsuk hyung တစ်ယောက်ထဲသွားခိုင်းထားတယ်လေ! ပြီးတော့ ဘာဖြစ်တယ်?! ပြန်ထွက်မရအောင် တံခါးပိတ်ခိုင်းထားလိုက်သေးတယ်မလား?!!"

"ငါအဲ့ကအစောင့်ကို ဖုန်းဆက်ပြီး ချက်ချင်းပြန်ဖွင့်ဖို့ ပြောခဲ့ပြီးပြီ.."

"ဒါပေမယ့်အခု Hyunsuk hyung ပျောက်နေတယ်လေ!ကျွန်တော် ဖုန်းဆက်တိုက်ခေါ်နေတာလည်း မကိုင်တော့ဘူး! Hyunsuk hyungအကြောက်လွန်ပြီးတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ! ဘာလို့ဒီလောက်ထိစီစဥ်လိုက်ရတာလဲလို့?!... ဒီတစ်ခါတော့ Jihoon hyungကို ကျွန်တော်တကယ်စိတ်ပျက်မိသွားပြီ!"

"ငါလည်း ဒီလောက်ဖြစ်သွားမယ်မှန်းမသိခဲ့လို့ပေါ့။ Hyunsuk hyung ကငါ့အပေါ်မှာပဲ အကြောင်းပြချက်မရှိ ခါးခါးသီးသီးဖြစ်နေတာ...ဘယ်သူကခံပြင်းဒေါသမထွက်ဘဲနေမလဲ? အဲ့တာကြောင့် ဒီအတိုင်း prank တစ်ခုကို ပိုပိုသာသာစီစဥ်လိုက်တာ"

"Hyung...တခြားသူရဲ့အကြောက်ရဆုံးအကြောက်တရားကို မကျေနပ်မှုကြောင့် အသုံးချတာ စနောက်တာမဟုတ်ဘူး။ hyung တကယ်လွန်တယ်..."

Jihoon လည်းဘာမှပြန်မပြောတော့။ ရင်ထဲတွင်ပူလောင်နေလျက် Hyunsuk hyung အဆင်ပြေပြေရှိပါစေဟုသာ ဆုတောင်းနေမိသည်။

သူ့ကိုဘယ်လောက်တောင် မုန်းသွားတော့မလဲ?
Hyunsuk ၏အမုန်းများကို တကယ်တမ်း ရင်ဆိုင်ရမည်ဆိုသည့်အခါတွင်တော့ Jihoon တုန်လှုပ်မိလေသည်။
အေးစက်သည့်အကြည့်များကပင် သူ့အတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပြီးပြီမို့...။

Prank // HoonsukWhere stories live. Discover now