(Unicode)
ညနေခင်းအချိန်၌ ညစာပြင်ဆင်ရန် Jihoon ကုန်တိုက်သို့ စျေး၀ယ်ထွက်သွားသည်အထိ Hyunsuk ခံစားချက်များမှာ ကောင်းမွန်လျက်ရှိသေး၏။ အမှန်အတိုင်းပြောရလျှင် Jihoon ပြင်ဆင်ပေးမည့် ညစာအတွက် သူမျှော်လင့်မိပါသည်။ အနည်းဆုံးတော့ စားလို့ရလောက်မှာပါလေ...။ ထိုအတွေးဖြင့် Hyunsuk သဘောကျစွာရယ်လိုက်မိသည်။
Jihoon မှာ တစ်နေကုန်အရမ်းတွယ်ကပ်နေနေသောကြောင့် Hyunsuk သည် သူကိုယ်တိုင် ချမှတ်ထားသည့်ထိန်းချုပ်မှုများကိုပင် ခေတ္တမေ့လျော့သွားခဲ့မိသည်။ ထို့ကြောင့် စိတ်တွင် ပျော်ရွှင်မှုများနှင့်သာပြည့်နှက်နေလျက် သူနဲ့Jihoon၏ အတိတ်နေ့ရက်များထံပြန်ရောက်သွားသလို ထင်ယောင်ထင်မှားဖြစ်နေသည်။ အချို့ကိစ္စများ ပြောင်းလဲနေခဲ့ပြီဆိုသည့်အကြောင်းကိုမေ့လျော့လျက်ပေါ့...။ သို့ရာတွင် Jihoon ထံမှ ၀င်လာသည့်ခေါ်ဆိုမှုတစ်ခုက သူ့ကိုအိပ်မက်မှပြန်လည်နိုးထလာစေသည်။
"အင်း...Jihoonie မင်း ပြန်လာနေပြီလား?"
"hyung... ဘယ်လိုလုပ်မလဲ? ဒီညနေကျွန်တော်ပြန်မလာနိုင်လောက်တော့ဘူးထင်တယ်။"
Hyunsuk မှာ စိတ်ပူသွားရကာ...
"ဘာလို့လဲ? မင်းတစ်ခုခုဖြစ်လို့လား?"
"မဟုတ်ပါဖူး။ ဟိုလေ...Junkyu မှာ တိုင်ပင်စရာတစ်ခုရှိတယ်ဆိုလို့။ အဲ့တာကျွန်တော့်ကိုခေါ်နေတာ..."
"အာ...Junkyu...? Junkyu လား? အဲ့တာဆို...မင်း သွားရမှာပေါ့။"
Hyunsuk သည် သူ့အသံတုန်ယင်မှုကို Jihoon သတိမထားမိစေရန် အတတ်နိုင်ဆုံးကြိုးစားပြောလိုက်၏။
"hyung..ကျွန်တော်မလာနိုင်ပေမယ့် ဒီည Doyoung ကအားတာမို့လို့ သူလာပေးမယ်တဲ့။"
"အင်း..."
"အဲ့တာဆို မနက်ဖြန်တွေ့မယ်နော် hyung"
Hyunsuk ပြန်မဖြေဘဲ ဖုန်းချလိုက်တော့သည်။ မျက်၀န်းများတွင် ဖြစ်တည်လာသည့်စိုစွတ်မှုကိုတော့ တားမရခဲ့။
ဒီရူးနှမ်းနေတဲ့ ခံစားချက်တွေကတော့!"တောက်ခ်!"
Hyunsuk ကိုယ့်ကိုကိုယ်ဒေါသဖြစ်စွာတောက်ခေါက်လိုက်မိသည်။ သူ့ကိုယ်သူထိန်းချုပ်ထားပါလျက်နှင့် ထိုကောင်လေးအပေါ် ခံစားချက်များ ပိုပိုတိုးလာနေမိတာ သူဘယ်လိုလုပ်ရပါ့...။ ဤခံစားချက်များမရှိခဲ့လျှင်ကောင်းမည်။ ထိုအခါ Jihoon နဲ့သူ့ကြားမှာ ပုံမှန်အတိုင်းဖြစ်နေခဲ့မှာ...။
YOU ARE READING
Prank // Hoonsuk
Fanfiction(Unicode) Jihoon ကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် သူရင်းနှီးတဲ့သူတွေကို အမြဲစနောက်လေ့ရှိသူဖြစ်သည်။ သို့ပေမယ့် တစ်ရက်မှာ သူစနောက်ရတာ သဘောအကျဆုံးဖြစ်တဲ့ Hyunsuk hyung က သူ့ကို ရှောင်ဖယ်ပြီး ခပ်ခွာခွာနေလာခဲ့သည်တဲ့။ Hyunsuk ရဲ့ရုတ်တရက် ပြောင်းလဲသွာ...