(9) END

280 22 2
                                    

(Unicode)

"ဘာလို့ကျွန်တော်မဟုတ်ရတာလဲ?!"

ရုတ်တရက် Hyunsuk အတွေးဗလာဖြစ်သွားသောကြောင့် Jihoon ၏မေးခွန်းကိုပင် နားမလည်လိုက်နိုင်။

"ဟင်? ဘာ...ဘာက မင်းမဟုတ်တာလဲ?"

"ကျွန်တော်ပြောချင်တာက...အဲ့တာ...ခုနကအကြောင်းလေ။ ဟို.. Doyoung မှာကောင်းတဲ့အချက်တွေအများကြီးရှိပြီး hyung ဘာလို့အဲ့လိုရွေးလဲနားလည်နိုင်ပေမယ့် ကျွန်တော့်မှာလည်း တကယ်တော့ ကောင်းတဲ့အချက်တွေရှိတာပဲမလား? hyung ကျွန်တော့်ကိုမရွေးတဲ့ အကြောင်းပြချက်သိချင်တယ်။ ပြီးတော့ အဲ့လောက်အမြန်ကြီးငြင်းလိုက်စရာလည်းမလိုဖူးမလား? ဘာလို့ ကျွန်တော့်ကိုကျနည်းနည်းလေးတောင်မစဥ်းစားရတာလဲ? အကြည့်လည်း လွှဲသွားသေးတယ်။ တကယ်ကျွန်တော့်ကိုအဲ့လောက်တောင် သဘောမကျဖူးလား? ဘာလို့လဲ? ကျွန်တော်နားမလည်နိုင်ဘူး။ ကျွန်တော်နဲ့ Doyoung ယှဥ်ရင် ကျွန်တော့်မှာ Doyoung လောက်မပြည့်စုံတာဘာရှိနေလို့လဲ? Hyung အဖြေကိုပြန်စဥ်းစားသင့်တယ် မဟုတ်ဖူးလား? ဒါပေမယ့် ဒီလိုပြောနေတာတွေက ကျွန်တော့်ကိုမရွေးလို့ စိတ်တိုတာမဟုတ်ဘူးဆိုတာတော့ သိစေချင်တယ်"

Jihoon ပြောနေသည့်အချိန် အသက်မှရှူသေးရဲ့လားဟု Hyunsuk တွေးမိသည်။ စကားတွေကအဆီအငေါ်မတည့်ဘဲ ကပေါက်တိကပေါက်ချာဖြစ်နေလျက် စကားပြောတဲ့နှုန်းက သူ rap ရွတ်တာထက်တောင်ပိုမြန်နိုင်တယ်...။ Jihoon ပြောတာတွေကိုလည်း သူသေချာနားမလည်နိုင်ပေ။

Hyunsuk ဖြေစရာမရှိဖြစ်နေသည်။ ထိုအခါမှ Jihoon လည်း သူ့ကိုယ်သူ ထိန်းချုပ်ဖို့ သတိရသွားသောကြောင့် Hyunsuk ကိုလွှတ်ပေးလိုက်ကာ

"တောင်းပန်ပါတယ်။ ကျွန်တော် မလိုအပ်တာတွေလျှောက်ပြောမိသွားတယ်။ ကောင်းသောညပါ hyung"

"ဟင်?..အွန်း မင်းရောပဲ"

ထို့နောက် Jihoon သည် သူ့အခန်းထဲသို့အလျင်အမြန်ပြေး၀င်သွားသောကြောင့် Hyunsuk လည်း ကိုယ့်အခန်းထဲသို့ ၀င်လာလိုက်သည်။ အိပ်ပျော်လုဆဲဆဲအခိုက်တွင် အခန်းတံခါးခေါက်သံသဲ့သဲ့ကို Hyunsuk ကြားလိုက်ရသည်။

"Hyunsuk hyung...?အိပ်နေပြီလား?"

"Jihoonie လား? ငါမအိပ်သေးပါဖူး။ ၀င်ခဲ့လေ"

Prank // HoonsukWhere stories live. Discover now