(Unicode)
ကို့ရို့ကားယားနိုင်လှသည့် အဖြစ်အပျက်အပြီး နောက်တစ်နေ့နံနက်၌ နှစ်ဦးစလုံးမှာ အလွန်နေရခက်နေကြ၏။ မျက်လုံးချင်းဆုံသည်နှင့် အကြည့်လွှဲမိကြသလို ရှေ့တွင်ရှိနေပါလျက်နှင့် စကားပြောဖို့ရာတွန့်ဆုတ်နေမိကြသည်။ အခြေအနေမှာ အချိန်မရွေးထပေါက်နိုင်သည့် ချိန်းကိုက်ဗုံးတစ်ခုလို တင်းမာလွန်းနေလျက်...။
ဤသို့ဖြင့် တိတ်ဆိတ်လွန်းလှသည့် နံနက်စာစားချိန် ကုန်လွန်သွားသည့်အခါတွင်တော့ Jihoon က စကားစဆိုလာသည်။
"Hyung...ဒဏ်ရာကိုဆေးလိမ်းရအုံးမယ်မလား...?"
သို့သော် မနေ့ညမှကိစ္စကြောင့် Hyunsuk စိတ်တွင် အရမ်းနီးနီးကပ်ကပ်နေရန်အဆင်သင့်မဖြစ်သေး..။
"ဒီနေ့ ငါ့ဘာသာလိမ်းလိုက်ပါ့မယ်။ ပတ်တီးစည်းဖို့လည်း မလိုတော့ဖူးဆိုတော့.."
Jihoon သည် နားလည်စွာနှင့် ခေါင်းညိတ်ပြပြီးနောက်...
"hyung...ပြီးတော့...ဟိုလေ..."
Jihoon ၏မ၀ံ့မရဲအမူအရာကိုတွေ့သည်နှင့် စကားလမ်းကြောင်းက ဘယ်သို့ဦးတည်နေပြီလဲဆိုတာကို Hyunsuk သိလိုက်သည်။ ထို့ကြောင့်စိတ်ကိုပြင်ဆင်၍ ဂရုတစိုက်နားထောင်နေလိုက်၏။
"ဟို...မနေ့ညကကိစ္စအတွက်...ကျွန်တော်...တောင်းပန်ပါတယ်။ ကျွန်တော့်အမှားပါ..."
"ဒီအတိုင်း မရှိခဲ့တဲ့ကိစ္စလို့ သဘောထားလိုက်ကြရအောင်။ မင်းနဲ့ငါကြားမှာ နေရခက်နေတာ တကယ်အဆင်မပြေဖူးလေ ဟုတ်တယ်မလား?"
"hyung က မေ့လိုက်ချင်လို့လား?"
ထိုမေးခွန်းကို မေးသည့် Jihoon ပုံစံတွင် ၀မ်းနည်းသည့်အရိပ်အယောင်များမြင်လိုက်ရသလို Hyunsuk ထင်မိသည်။ ဘာလို့ပါလိမ့်? တကယ်ဆို Jihoon အတွက်က အမှားတစ်ခုပဲဖြစ်သည်မလား...။ သူကသာ မေ့နိုင်ဖို့ရန်အတွက် ကြိုးစားရမှာလေ...။
အဖြေပြန်မရသည့်အခါ Jihoon သည် ခေါင်းတစ်ချက်ဆတ်ရင်း...
"အင်း...သိပါပြီ။ ကျွန်တော်...အိမ်မှာယူစရာလေးရှိလို့ ခဏပြန်လိုက်အုံးမယ်။"
ပြောပြီးသည်နှင့် နှုတ်မဆက်ဘဲ ချက်ချင်းထွက်ခွာသွားခဲ့သည့် Jihoon..။ Hyunsuk တစ်ယောက်သာ နားမလည်မှုများစွာနှင့် ကျန်ခဲ့ရ၏။
YOU ARE READING
Prank // Hoonsuk
Fanfiction(Unicode) Jihoon ကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် သူရင်းနှီးတဲ့သူတွေကို အမြဲစနောက်လေ့ရှိသူဖြစ်သည်။ သို့ပေမယ့် တစ်ရက်မှာ သူစနောက်ရတာ သဘောအကျဆုံးဖြစ်တဲ့ Hyunsuk hyung က သူ့ကို ရှောင်ဖယ်ပြီး ခပ်ခွာခွာနေလာခဲ့သည်တဲ့။ Hyunsuk ရဲ့ရုတ်တရက် ပြောင်းလဲသွာ...