(Unicode)
"သရဲအိမ်ကို လျှောက်လည်ခဲ့ကြတာ ဘယ်လိုလဲ ကလေးတို့?"
Hyunsuk သည် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပြန်လာကြသည့်သူများကို အပြုံးတစ်ခုနှင့်ဆီးကြိုကာ မေးသည်။
Junghwan : "hyung တွေရဲ့အော်သံကြောင့် ကျွန်တော်တောင် ကြောက်ချိန်မရလိုက်ပါဖူး Hyunsuk hyung ရာ"
Asahi : "အဲ့ဒီအော်ကြတဲ့သူတွေထဲ ကျွန်တော်မပါဖူးနော် Hyunsuk hyung။ ကျွန်တော်ဆို ဘာမှမဖြစ်ဖူး"
Mashiho : "အတုအယောင်ဆိုတာသိပြီးသားမို့လို့ ကျွန်တော်လည်းအဲ့လောက်မကြောက်ပါဖူး"
Jeongwoo : "ကျွန်တော်ရောပဲ...အဲ့လောက်ကြောက်စရာမကောင်းပါဖူး"
ဤတွင် Jaehyuk က၀င်ပြောလာသည်။
"Jeongwoo yah...shiho နဲ့ sahi ပြောတာကို ငါလက်ခံနိုင်ပေမယ့် 'Jaehyuk hyung..jaehyuk hyung' ဆိုပြီး ငါ့ကိုမလွှတ်တမ်းဖက်ထားတဲ့မင်းက မကြောက်ဖူးပြောတာတော့ မဟုတ်သေးဖူးထင်တယ်။"
ဤတွင် Jeongwoo က ပျာယာခတ်သွားကာ...
"ဘယ်သူကဖက်ထားနေလို့လဲ?"
Haruto : "Jeongwoo yah.. ကြောက်တယ်ဆိုပြီးအမှန်အတိုင်း ၀န်ခံလိုက်လည်းရတယ်။ ဘာမှမဖြစ်ဖူး။"
Jeongwoo : "Haruto! မင်းလည်းကြောက်တာပဲမလား? အတူတူကိုလာပြောနေတယ်"
Haruto : "ဟုတ်တယ်လေ။ ငါကြောက်လို့ Junkyu hyung အနားမှာ ကပ်နေခဲ့တာကို..."
Doyoung : "အဲ့ဒီတော့ အကျဥ်းချုပ်က ကျွန်တော်တို့ အားလုံးပျော်ခဲ့ကြပါတယ်။ hyung တို့လည်းအဆင်ပြေတယ်မလား?"
Doyoung က စိတ်မကြည်သည်မှာ သိသာနေသော Jihoon ကို အရိပ်အခြေကြည့်လျက်မေး၏။ သို့သော် ထိုမေးခွန်းကို Hyunsuk ကအစား၀င်ဖြေလာသည်။
"အင်း...အင်း...မပြေစရာဘာရှိမှာလဲ... ဒီမှာမင်းတို့ရဲ့အအေးတွေ...။ ဒီနေ့ ပျော်စရာအချိန်တွေဖြစ်ခဲ့တာမို့လို့ အားလုံးလည်း ကောင်းကောင်းအနားယူကြ။ ဟုတ်ပြီနော်"
"Nae...hyung"
"ဟုတ်ကဲ့...ကျွန်တော်တို့အတင်းခေါ်လာလို့ hyung လည်း ပင်ပန်းသွားရပြီ"
"ကျေးဇူးပါ hyung"
"ကဲ အဲ့တာဆို အခုငါတို့ပြန်ကြတော့မလား?"
YOU ARE READING
Prank // Hoonsuk
Fanfiction(Unicode) Jihoon ကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် သူရင်းနှီးတဲ့သူတွေကို အမြဲစနောက်လေ့ရှိသူဖြစ်သည်။ သို့ပေမယ့် တစ်ရက်မှာ သူစနောက်ရတာ သဘောအကျဆုံးဖြစ်တဲ့ Hyunsuk hyung က သူ့ကို ရှောင်ဖယ်ပြီး ခပ်ခွာခွာနေလာခဲ့သည်တဲ့။ Hyunsuk ရဲ့ရုတ်တရက် ပြောင်းလဲသွာ...