(2)

219 15 1
                                    

(Unicode)

နံနက် (၁၀)နာရီအချိန်သည် အနည်းငယ်စောနေသေးသည့်အတွက် Lotte World တွင် လူရှင်းနေကာ အ၀င်နားတွင် ရပ်စောင့်နေကြသော လူတစ်စုသာ ထင်သာမြင်သာရှိလှသည်။ မြင်သူတိုင်းငေးမောရလောက်သည့် ရုပ်ရည်ချောမောမှုများဖြင့် ထိုသူများမှာ တလက်လက်တောက်ပနေသော ရတနာများအလား...။ ချမ်းအေးစပြုနေသောရာသီဥတုကြောင့် ခပ်ပွပွအနွေးထည်ထူထူများ၀တ်ထားခြင်းကပင် ထိုလူတစ်စု၏ အရှိန်အ၀ါကိုမှေးမှိန်မသွားစေခဲ့ပါ။

"Jihoonie hyung, Junkyu hyung, Shiho hyung, Jaehyuk hyung, Jeongwoo, Sahi hyung, Yedam hyung, Junghwanie တို့ရောက်ပြီဆိုတော့ ၃ယောက်ကိုထပ်စောင့်ရင်လူစုံပြီ"

Doyoung သည် လူရေရင်း ကိုယ်စီစကားဖောင်ဖွဲ့နေကြသောသူများကို အသိပေးလိုက်သည်။ ထိုအခါJihoonသည် အနီးသို့ကပ်လာရင်း..

"Doyoung... Hyunsuk hyung ကလာမှာ သေချာပါတယ်နော်"

"hyung မစိုးရိမ်ပါနဲ့။ Ruto ရယ် Yoshi hyung ရယ်နဲ့တူတူလာခဲ့မယ်ဆိုပြီး Hyunsuk hyung က မနက်ကပဲ ကျွန်တော့်ကိုပြောပြီးသားပါ oh...ပြောရင်းနဲ့ ဟိုမှာ ရောက်လာကြပြီထင်တယ်"

"Hyunsukie hyung! Yoshi hyung! Ruto yahh...! ငါတို့ဒီဖက်မှာ!!"

Doyoung ကလက်၀ေ့ယမ်းလျက်အော်ခေါ်ရာဘက်သို့ Jihoon လှည့်ကြည့်လိုက်မိသည့်အခါ လူ(၃)ဦး သူတို့ရှိရာသို့ လျှောက်လာနေသည်ကိုတွေ့ရသည်။ Jihoon ပထမဦးစွာ သတိထားမိလိုက်သည်မှာတော့ အလယ်မှ သူမျှော်လင့်တကြီး စောင့်မျှော်နေရသောသူကိုသာ..။ Hyunsuk သည် အမြဲတစေ fashion ကျစွာ၀တ်စားတတ်သူဖြစ်သည့်အတွက် ယနေ့တွင်လည်း ကြည့်ကောင်းမြဲဖြစ်လေသည်။ တီရှပ်အဖြူပေါ်တွင် ဆင်စွယ်ရောင် အနွေးထည် တစ်ခုကို၀တ်ဆင်ထားပြီး ခပ်ပွပွအနက်ရောင်ဘောင်းဘီနှင့် ပန်းနုရောင်sneakersကို လိုက်ဖက်စွာတွဲဖက်၀တ်ဆင်ထား၏။ ပေါ့ပါးသည့်ထသွားထလာ အ၀တ်အစားပုံစံများကြောင့်လားမသိ။ Hyunsuk hyung မှာဤနေ့မှ ပို၍လန်းဆန်းတက်ကြွသော ဆယ်ကျော်သက်ကောင်လေးတစ်ဦးအသွင်ဆောင်နေလေသည်။ မသိတဲ့သူတွေသာဆိုလျှင် Hyunsuk ကို Rutoတို့ Junghwan တို့နဲ့ ရွယ်တူဟုထင်မိကြမှာ သေချာပေါက်ပဲ။

"ကလေးတို့...အများကြီးစောင့်လိုက်ရလား? Hyung တောင်းပန်ပါတယ်"

Hyunsuk hyung မှာ အမြဲဤသို့ပင်။ တစ်ခုခုဆို တောင်းပန်စကားကို မလိုအပ်သည့်တိုင် နူးညံ့စွာဆိုလေ့ရှိ၏။ ဤသို့ စိတ်ထားကောင်းလွန်းသည့် Hyung က Jihoon အပေါ်မှ ခြားနားစွာဆက်ဆံနေသည်က ပုံမှန်မှမဟုတ်သည်လေ..။

Prank // HoonsukWhere stories live. Discover now