Part 2

4.6K 320 7
                                    

Unicode

လစဉ်စာမေးပွဲတွေရော အပတ်စဉ်စာမေးပွဲတွေမှာပါဘာသာတိုင်း A ကမကျ။ သူငယ်ချင်းသုံးယောက် စာအတူလုပ်လိုက်ဆော့လိုက်နဲ့ပုံမှန်ဆိုပေမယ့် ခူးစေခန့်ရဲ့စိတ်လေးကပြောင်းလာတာ သူကိုယ်တိုင်တောင်သတိမထာမိသေး။ နှစ်ဝက်စာမေးပွဲဖြေပြီးမှအိမ်ပြန်ကာအေးဆေးနေချိန် ကားဟွန်းတီးသံကြားရပေမယ့် ကိုယ့်ကိစ္စမဟုတ်တာကြောင့်သူဆင်းမလာ။

ဒေါက်~ဒေါက်~ဒေါက်

"သား ခူးခူး"

ချပ်~

"ဟင်! ခေတ်"

"ရွှေမင်းသားလေးကအောက်တောင်ဆင်းမလာဘူးနော်"

"မဟုတ်ပါဘူး ငါ့ဆီလာမယ့်သူမရှိတော့ ဖေဖေနဲ့မေမေဧည့်သည်မှတ်လို့"

"အင်း ငါဝင်ခဲ့မယ်"

"အင်း လာလာမင်းတစ်ယောက်ထဲလား လင်းရောင်ရော"

"မသိဘူးအဲ့ကောင် သူတွဲနေတဲ့ကောင်မလေးနဲ့လျှောက်သွားနေတယ်"

ကိုယ့်အခန်းကိုသူအခန်းလိုပင်ဝင်လာကာ အိပ်ရာပေါ်လှဲသည်။ ပြီးတာနဲ့ရပ်နေတဲ့သူ့ကိုကြည့်ကာ

"မင်းကကလေးလား ဝတ်ထားတဲ့အိမ်နေရင်းအင်္ကျီကိုကြည့်အုန်း"

သူဝတ်ထားတဲ့အင်္ကျီနဲ့သူ့ပုံကအရုပ်လိုဖြစ်နေ၏။

"ကလေးပဲရှိသေးတာလေ ၈ တန်းပါဆို"

"နောက်နှစ်ဆိုအထက်တန်းရောက်နေပြီ ဘာကိုကလေး"

‌တံခါးခေါက်ပြီးမေမေကဝင်လာကာ မုန့်နဲ့အအေးပို့ပေးပြီး

"သား တမန်လေး ထမင်းစားပြီးမှပြန်၊ သားတို့အကြိုက် မေမေချက်ခိုင်းထားတယ်"

"ဟုတ်ကဲ့အန်တီ"

"အေးအေး သူငယ်ချင်းနှစ်ယောက်အေးဆေးစကားပြော"

မေမေကပြန်ထွက်သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်ရုပ်ရှင်ကြည့်ရန်ရည်ရွယ်လိုက်သည်။ ခေတ်တမာန်က သူ့ဖုန်းနဲ့ laptop ကိုချိတ်ကာ ဖွင့်လိုက်တာက Twilight Breaking Dawn ကြည့်နေရင်း မင်းသားနဲ့မင်းသမီး မင်္ဂလာဦးညရောက်တဲ့အခန်းကြည့်ကာ ခူးစေခန့်မှာ ခေတ်တမာန်ကိုရုတ်တရက်ကြည့်မိသွား၏။ ခေတ်တမာန်က သူ့ကိုလှည့်ကြည့်ကာ

Mind (စိတ်) Complete Uni & ZawgyiWhere stories live. Discover now