Part 7

4.6K 332 33
                                    

Unicode

(ပွဲဦးထွက်မိတ်ဆက်မှုသည် လက်တွေ့နှင့်ကွဲထွက်နိုင်ပါသည်)

Studio ထဲမှာအသံသွင်းနေတဲ့ ကောင်လေးက သူ့လမ်းကြောင်းပေါ်ရောက်အောင်ကြိုးစားနေသလို ဆေးကျောင်းမှာကောင်မလေးတစ်ယောက်နဲ့မြဲမြံစွာလက်တွဲပြီး သူဝါသနာပါရာအကောင်အထည်ဖော်နေသူလဲရှိ၏။ တစ်ယောက်ကတော့ နိုင်ငံရပ်ခြားမှာ သူစိမ်းတွေနဲ့အတူသူ့စီးပွားရေးလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ဖို့ စာကိုအာရုံစိုက်နေသူလဲရှိ၏။

"ခူးစေခန့် မနက်ဖြန်မိတ်ဆက်မှာနော် အဆင်သင့်ဖြစ်ပြီလား"

"ready ပဲ"

"အိုကေ"

ENT ရဲ့အဆောက်အဦးတစ်ခုရဲ့ 'idol ခူးစေခန့် အခန်း' ဆိုတဲ့အခန်းထဲမှာမနက်ဖြန်မိတ်ဆက်ပွဲအတွက်ဆင်ဖို့ style list တွေအလုပ်ရှုပ်နေ၏။ Style list တွေရော make-up artist တွေရော သူတို့လက်စွမ်းတွေထုတ်ဖော်ပြဖို့အဆင့်သင့်ပြင်နေကြသည်။

"ခူးစေခန့် MD ခေါ်နေတယ်"

"ဟုတ် မဟေသာ ကျွန်တော်သွားလိုက်မယ်"

မန်နေဂျာဖြစ်သူမဟေသာရဲ့စကားကြောင့် သူ MD ရုံးခန်းကိုသွားလိုက်၏။ အထဲမဝင်ခင်တံခါးခေါက်အသံပြုပြီးမှဝင်လိုက်သည်။

"ခူးစေခန့် ထိုင်"

"ဟုတ်ကဲ့ MD"

သူဝင်ထိုင်ပြီးမှ MD ကသူနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်၏။

"ခူးစေခန့်နာမည်နဲ့ပဲပွဲထွက်မှာ သေချာပြီလား"

"ဟုတ်ကဲ့ သေချာပါတယ်"

"ကိုယ်ကတော့ idol နာမည်သီးသန့်ထားစေချင်တာ"

"ကျွန်တော် နာမည်အရင်းပဲသုံးပါမယ်"

"ကောင်းပြီ မနက်ဖြန် တခြား ent က တာဝန်ရှိသူတွေပါ လာအကဲခတ်မှာ အဆင်သင့်ဖြစ်ပြီမလား"

"ဟုတ်ကဲ့ အဆင့်သင့်ဖြစ်ပါပြီ"

"ကောင်းတယ် ကဲသွား အဲ့ဒါခေါ်မေးတာ"

"ဟုတ်ကဲ့"

သူအပြင်ပြန်ထွက်သွားပြီး မေမေ့ကိုဖုန်းခေါ်ဖို့လုပ်သည်။ မေမေ့ကို မနက်ဖြန်ပွဲထွက်မယ့်ကိစ္စထပ်သတိပေးရအုန်းမယ်မလား။ Wolf ကတိုက်ရိုက်လွှင့်မယ့် live ကနေကြည့်လို့ရကြောင်းလဲပြောရအုန်းမယ်။

Mind (စိတ်) Complete Uni & ZawgyiWhere stories live. Discover now