Unicode
(ဈာန်ဝင်တုန်းရေးလို့ပြီးသွားလို့ အပ်ပေးလိုက်ပါတယ်နော်၊ Double up ကတော့မတောင်းဆိုပါနဲ့ ဘာလို့ဆို ကိုယ်ရေးပြီးခဲ့ရင် မတောင်းဆိုပဲ အပ်ပေးတာမို့လို့ပါ 🧡)"မင်း ရုတ်တရက်ကြီးပျောက်သွားတာ gay ဆိုတဲ့အကြောင်းပြချက်ကြောင့်လား"
"အင်း"
"မင်းကွာ ဘာလို့ငါ့ကိုအဲ့တုန်းကမပြောပြတာလဲ"
"အဲ့တုန်းက သိမ်ငယ်ရတယ်လေ ကိုယ့်ဝန်ခံလိုက်လို့နားလည်ပေးမယ့်သူမရှိပဲ နှိမ့်ချရွံရှာမယ့်သူကပေါတယ်လေ၊ ငါအဲ့တုန်းကအရမ်းရှက်ခဲ့တာ"
"အဲ့ဒါနဲ့ပဲ ငါ့ကိုအဆက်အသွယ်ဖြတ်ထားစရာလိုလို့လား"
"မဟုတ်ပါဘူး"
"ဘာမဟုတ်ဘူးလဲ ခဏလေးခင်တဲ့ ဟိုအသစ်ကောင်နဲ့ကျတော့ အဆက်အသွယ်လုပ်ပြီးတော့ ငါ့ကိုတော့ပစ်ထားတယ်"
"ဟားဟ ဝိန်ကငါ့ကိုလမ်းပြပေးသူဆိုမမှားဘူးလေ"
"အေးပါ ငါတို့ကပဲအမှား၊ မင်းကျောင်းတက်အုန်းမှာလား"
"အထက်တန်းအောင်ခဲ့ပြီပဲ မတက်တော့ဘူး၊ မင်းရော မင်းလုပ်ချင်တဲ့ဆရာဝန်လုပ်နေပြီလား၊ အတည်တကျ တွဲတဲ့သူရောရှိနေပြီလား"
"အင်း ဆရာဝန်လဲလုပ်နေရပြီ အတည်တကျတွဲတဲ့သူလဲရှိနေပြီ၊ မင်းပြောသလိုပဲ ကိုယ်တစ်ကယ်ကြိုက်တဲ့သူကခက်ခဲမယ်ဆိုတာလေ ငါဟန်နီ့ကိုလိုက်တုန်းက တော်တော်နဲ့မရဘူး"
"သူ့နာမည်က ဟန်နီလား"
"အင်း မင်းကိုနောက်ဆုံဖြစ်ရင် ငါမိတ်ဆက်ပေးမယ်"
"အင်း ငါလဲမင်းလက်တွဲဖော်ကို မြင်တွေ့ချင်ပါတယ်"
"ငါတို့ ခူးခူးလေးက အသားတွေပိုဖြူ ပိုချောပြီး ကြည့်ကောင်းလာလိုက်တာ၊ ငါမင်းကို ရွှေတခေတ်ဖုန်းထဲမှာတွေ့တော့မမှတ်မိဘူးလေ၊ ရွှေတခေတ်ကိုမေးယူရတယ် သူပြောပြမှ မင်မှန်းသိတာ၊ အဲ့နေ့က ငါမင်းအကတွေရောသီချင်းတွေရော အကုန်ထိုင်ကြည့်ပစ်တာ"
"အင်း"
ရွှေတခေတ်ကတစ်ယောက်သောရဲ့ညီမလေးပဲ။ ဒါဆိုတစ်ယောက်သောလဲ သူ့ကိုသိမှာပဲ လင်းရောင်တောင်သိသေးတာကို။ လင်းရောင်ရောက်လာတော့လဲ သူ့မှာဝမ်းသာမျက်ရည်တွေကျလို့ သူ့ကိုလာတွေ့မယ်မထင်ထားလို့လေ။ တစ်ယောက်သောသူကတော့ သူ့ကိုရွံတုန်းထင်တယ်။
YOU ARE READING
Mind (စိတ်) Complete Uni & Zawgyi
Teen FictionStart : 18 April 2022 6th creation Photo Crd from Pinterest End : 7.5.2022 Idol အဖြစ် - ခူးစေခန့် (တစ်ယောက်ထဲကိုပဲဖော်ပြထားပါမည်) ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်...