Unicode
(LGBT community အကြောင်းကိုထဲထဲဝင်ဝင်မသိပါ။ Boy love ကား၊ fic တွေ novels တွေကိုကြိုက်တယ် အားပေးတယ် ကိုယ်တိုင်လဲရေးဖြစ်လာတယ်။ ဒီအပိုဒ်လေးမှာ LGBT community ဆိုတဲ့စကားလုံးလေးထည့်ယုံထည့်ထားပြီး အသေးစိတ်မပါဝင်ပါ။ ကိုယ်တိုင်လဲရေးဖြစ်လာတာကြောင့် ထဲထဲဝင်ဝင်သိဖို့လေ့လာနေဆဲဖြစ်ပါသည်။ အကယ်၍ အမှားအယွင်းရှိခဲ့မယ်ဆို private message နဲ့လာရောက်ပြောကြားနိုင်ပါသည်။ Knowledge sharing အတွက်ကြိုဆိုလျက်ပါ)ခူးစေခန့်မနက်ဆိုပြန်တော့မှာဖြစ်သည်။ ဟိုရက်က စားသောက်ဆိုင်မှာ ခေတ်တမာန်နမ်းလိုက်တာ Zayn ကြားထဲက Zayn တစ်ခုခုပြောချင်တယ်ဆိုစာပဲပို့တော့သည် ဖုန်းမခေါ်တော့။ အဲ့နေ့ကကိစ္စကိုအားလုံးကနားလည်စွာ အသံတိတ်ပေးထား၏။ ခေတ်တမာန်လုပ်လိုက်ရင် လူကြားသူကြားမရှောင်။ ဒါတောင် ကိုယ်နဲ့သူကဘာမှမဖြစ်သေးလို့။ ခေတ်တမာန်ရုတ်တရက်နမ်းလိုက်တုန်းက သူ့မှာကြောင်အနေကာ သူ့ကမ္ဘာကရပ်တန့်နေသလို။ ခေတ်တမာန်က နမ်းပြီးတော့လဲ ကိုင်ထားတဲ့လက်ကိုမလွှတ်ပဲ သူ့ကိုပြုံးကာကြည့်နေရင်း 'ခူးခူးကို ချစ်တယ်ဆိုတာတကယ်ပါ ယုံပေးနော်' ပြောသေးသည်။ ဒီချစ်တယ်ဆိုတာကိုဒီလိုလူကြားထဲမှာ ပြောဖို့လိုလား။ လူကြားထဲမှာ ချစ်စကားကြိုက်စကားအပြောခံရတဲ့အပြင် အနမ်းခံလိုက်ရသေးသည်။ အားလုံးကလဲ ကြောင်ကြည့်နေကြတာသူသိသည်။ ခဏကြာမှ လင်းရောင်နဲ့မီယာသာ ပြုံးပြုံးကြီးဖြစ်နေတာ ဟန်နီဆို သူတို့နှစ်ယောက်ကိုကြောင်ကြည့်နေတာ လုံးဝအကြည့်မလွှဲ။ နောက်ဆုံး လင်းရောင်က 'ကဲကဲ ဒီထဲကလူတွေဘာမှမမြင်လိုက်ဘူးနော် စားကြမယ် အေးကုန်တော့မယ် ခူးခူးလေး ဘာစားချင်လဲ ကိုကိုကြီးထည့်ပေးမယ်' ဆိုမှ ခေတ်တမာန်ကသူ့ကိုလွှတ်ပေး၏။ စားနေတုန်းလဲ ခေတ်တမာန်က ခူးခူးဒါမင်းကြိုက်တာလေ စားကြည့်၊ ဒါကဘယ်လိုကောင်းတာ ဘာဖြစ်တာနဲ့ သူ့အသံပဲစိုးမိုးနေသည်။ နောက်ဆုံး 'မင်းတိတ်မလား ငါပြန်ရမလား' ဆိုတော့မှ တိတ်သွား၏ ဒါတောင်ဟင်းတွေတောက်လျှောက်ထည့်ပေးနေတာဖြစ်သည်။
ဒေါက်~ဒေါက်
ချပ်~~"မေမေ လာလေ"
"အင်း ဘာတွေပြန်ယူသွားအုန်းမလဲ"
ESTÁS LEYENDO
Mind (စိတ်) Complete Uni & Zawgyi
Novela JuvenilStart : 18 April 2022 6th creation Photo Crd from Pinterest End : 7.5.2022 Idol အဖြစ် - ခူးစေခန့် (တစ်ယောက်ထဲကိုပဲဖော်ပြထားပါမည်) ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်...