Unicode
စာမေးပွဲတွေဖြေနေကြပြီး ကျောင်းပိတ်ဖို့နီးလာနေပြီဖြစ်သည်။ စာမေးပွဲဖြေပြီး သူငယ်ချင်းသုံးယောက်စာပြန်တိုက်ပြီးတာနဲ့အိမ်ကလာကြိုတဲ့ကားပေါ်တက်ပြန်ကြ၏။ တစ်ခုတိုးသွားတာက သူတို့ သုံးယောက်ကြားကို မီယာဝင်ရောက်လာတာပါပဲ။ မီယာဝင်လာလဲ ခေတ်တမာန်နဲ့သူတို့ရဲ့ဆက်ဆံရေးကပြောင်းလဲသွားတာတော့မရှိ။ မီယာကလဲ သူတို့အားလုံးနဲ့ခေါ်ပြောဆက်ဆံနေရတော့ပျော်နေသည်။ အပျော်တွေသိပ်မရှိသူကတော့ ခူးစေခန့်ဖြစ်၏။ ကိုယ်ကသူ့ကိုချစ်နေတာဖြစ်ပြီး တိတ်တိတ်လေးနေပေးရတဲ့အပြင်အခုတော့ ရှေ့လျှောက်တပူးပူးတတွဲတွဲတွေ့ရတော့မယ့် သူချစ်ရသူနဲ့သူ့ရဲ့သက်ဆိုင်သူ။
"ခူးခူး စာမေးပွဲဖြေနိုင်တယ်မလား ဘာလို့မပျော်သလိုဖြစ်နေတာလဲ"
"ဒီလိုပါပဲ ကျောင်းပိတ်တော့မှာဆိုတော့ ကျောင်းကိုလွမ်းလို့ကွာ"
"မင်းကပိုပြီ ငါတို့ကျောင်းပိတ်ရက်ကခဏပါပဲကွာ သိပ်မကြာဘူးပြန်တက်ရမှာပဲ"
ညဏ်လင်းရောင်ပြောတာလဲဟုတ်၏။ သူတို့ကအစိုးရကျောင်းတွေလိုမပိတ် စာမေးပွဲဖြေပြီး တစ်လလောက်ကြာတာနဲ့ ဘော်ဒါပြန်လာရတော့မှာ။ လင်းရောင်ကတော့ သူငြိမ်နေတာကိုထူးထူးခြားခြားသတိထားမိသူဖြစ်၏။ ခပ်လှမ်းလှမ်းက မီယာနဲ့စကားပြောနေတဲ့ခေတ်ကိုလှမ်းကြည့်လိုက်တော့ ခေတ်ကအေးဆေးတည်ငြိမ်နေသည်။ တဖက်သတ်အချစ်ကခံရခက်လိုက်တာ။ ခံရခက်တာထက်ပိုတာပေါ့ သူ့အတွက်ကတော့ ဖွင့်ပြောလို့ငြင်းယုံဆိုတမျိုး သူ့စိတ်ကိုသိရင် သူ့သူငယ်ချင်းတွေမုန်းသွားနိုင်၏။
"မင်းရော ငြိမ်သွားပြီလား"
"အဟင်း နောက်ဆုံးတစ်ယောက်နဲ့စာမေးပွဲမဖြေခင် ပြတ်သွားပြီ"
"မင်းနော် ကြည့်လုပ်ကိုယ်တစ်ကယ်ချစ်တဲ့သူတွေ့မှ လိုက်ရခက်နေမယ် ကြည့်လုပ်"
"ထားပါ ခူးခူးလေးရော ချစ်တဲ့သူတွေ့ပြီလား"
"..."
"ခူးခူး တကယ်ကြီးတွေ့နေတာလား"
"မတွေ့ပါဘူး"
YOU ARE READING
Mind (စိတ်) Complete Uni & Zawgyi
Teen FictionStart : 18 April 2022 6th creation Photo Crd from Pinterest End : 7.5.2022 Idol အဖြစ် - ခူးစေခန့် (တစ်ယောက်ထဲကိုပဲဖော်ပြထားပါမည်) ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်...