Unicode
ဂျပန်မှာ လုပ်ငန်းဆွေးနွေးဖို့ရောက်နေတာ ဒီနေ့ဆို ၂ရက်ရှိပြီ။ ဒီနေ့ည dinner စီစဉ်ထားပြီး ပရောဂျက်ကိုဆွေးနွေးမှာဖြစ်သည်။ ပရောဂျက်ဆွေးနွေးမယ့်လုပ်ငန်းရှင်တွေနဲ့ကလဲ လူချင်းမတွေ့ရသေးပေမယ့် ဒီကိုမလာခင်ထဲက အစည်းအဝေးထိုင်ပြီးသား။ ဂျပန်ကိုလာပြီးဆွေးနွေးမယ်ဆိုတာ အကြောင်းပြချက်တစ်ခုပဲ။ သူလုပ်မှာက စာချုပ်ချုပ်ဖို့ပဲလိုတဲ့ ပရောဂျက်ကိုတာဝန်ရှိသူတွေနဲ့ညစာစားပြီး လက်မှတ်ထိုးယုံပါပဲ။ နောက်တစ်ခုက ဒီပရောဂျက်ရဲ့တာဝန်ရှိသူကို သူအကူအညီတောင်းထားသေးတယ်လေ။ Concert တစ်ခုရဲ့ တာဝန်ရှိသူတွေ VIP နေရာရဲ့ခုံလက်မှတ်ကို ရယူဖို့အကူအညီတောင်းထားတာပါပဲ။ ဒီလက်မှတ်ကိုလဲ တစ်ခါထဲယူရအုန်းမယ်လေ။
အခုတော့ hotel ထဲပြန်ဝင်ပြီးနားနေလိုက်ကာ Wein' account ကနေ ပုံအသစ်တွေထပ်တင်လဲကြည့်နေလေရဲ့။ သူအရမ်းသိချင်နေတာရှိသေးသည် ခူးခူးက ကိုယ့်အကောင့်နဲ့ကိုယ်မသုံးတာလဲ။ ဘာ့ကြောင့်ဒီကောင်က ခူးခူးရဲ့ပုံတွေကိုယ်စားတင်ပေးနေတာလဲ သူ့ကိုသူအုပ်ထိန်းသူကြီးကျလို့။ အမြင်ကပ်ပေမယ့်လဲ ဒီ Wein' ဆိုတဲ့ account ကိုမှ ဝင်မကြည့်ရင် ခူးခူးပုံတွေမတွေ့ရမှာဆိုးလို့ ဝင်ဝင်ကြည့်နေရ၏။ သူနောက် ၃ရက်နေရင်ရောက်လာမယ့် အရာအတွက်ရင်ခုန်နေတယ်လေ။
ဟိုတယ်မှာနေရင်းနဲ့လဲ အီတလီ Jewellery brand တစ်ခုနဲ့တိုင်ပင်ထားပြီးသားကိစ္စ ကိုရီးယားမှာဖွင့်ဖို့လုပ်ထားသေးတယ်။ ဒါလဲဆွေးနွေးပြီးပြီ ကကြီးဘက်ကို ဆိုင်ဖွင့်ဖို့သွားကြည့်ရမယ် ဘယ်မော်ဒယ်ကိုသုံးမယ်ဆိုတာ ညှိနှိုင်းဖို့ပဲရှိတော့တယ်။ သူ့အတွက်ကတော့ မော်ဒယ်တစ်ယောက်ပဲရှိတယ်လေ။ တခြားတစ်ခုလဲ လုပ်ထားပြီးပြီဖြစ်သည်။ ဒါကကျ ရှယ်ယာဝင်ထားတာလောက်ပါပဲ။
>>>>>>>>>>>>>>>
"ဇူဇူး ဝတ်စုံကအနည်းဆုံး ၆စုံလောက်ထည့်နော်၊ ညအိပ်ဝတ်ဖို့ နားနေရင်ဝတ်ရော တခြား..."
"မဟေသာရယ် နားနားနေနေ,နေပါ ဇူဇူးသိပါတယ် ဇူဇူးက idol ရဲ့ style list ပါ၊ အကုန်ပါအောင်ထည့်မယ် ဟုတ်ပြီလား"
YOU ARE READING
Mind (စိတ်) Complete Uni & Zawgyi
Teen FictionStart : 18 April 2022 6th creation Photo Crd from Pinterest End : 7.5.2022 Idol အဖြစ် - ခူးစေခန့် (တစ်ယောက်ထဲကိုပဲဖော်ပြထားပါမည်) ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်...