Part 11

4.9K 324 8
                                    

Unicode

ဂျပန်ကပြန်ရောက်ထဲက schedule အပြည့်နှင့် အင်တာဗျူးတွေလဲ မဟေသာကစီစဉ်ထားသေးသည်။ Grosy က စီနီယာ idol Zayn နဲ့လဲ collaboration လုပ်ဖို့တိုင်ပင်ပြီးပြီဖြစ်၏။ အခုလောလောဆယ်တော့သူအင်တာဗျူးအစီအစဉ်တစ်ခုကိုရောက်နေတာဖြစ်၏။ ဒီအစီအစဉ်က ဂိမ်းပါ,ပါသည်။ သူတို့မေးတဲ့မေးခွန်းကိုမဖြေချင်ရင် ဂျင်းပြုတ်ရည်သောက်ရတော့မှာဖြစ်သည်။ မေးမယ့်မေးခွန်းတွေက သူ့ရဲ့ personal တစ်ချို့ပါမယ်ဆိုတာလဲသိပြီးသားဖြစ်၏။ Style list ကပေါ့ပေါ့ပါးပါးဆင်ထားသည်။ တီရှပ်လက်တိုအဖြူကိုအပေါ်က ဝတ်စကုတ်ဆွယ်တာ sky blue ရောင်နဲ့ဂျင်းဘောင်းဘီကလဲ sky blue ရောင်ဝတ်ထားပြီး sport shoe အဖြူလေးစီးထား၏။ မိတ်ကပ်ပါးပါးလေးလိမ်းပေးထားပြီး အရောင်တွေတော့တင်မထား ဆံပင်အရောင်မပြောင်းရသေးပဲ ဒီအတိုင်းလေးချထား၏။ ဒါက ခူးစေခန့်ရဲ့လုံးဝလူငယ်လေးစတိုင်ပါပဲ။ ဂိမ်းဆော့မယ့်အခန်းထဲဝင်လိုက်တာနဲ့

"ဝိုး ဝိုး ဒါဘယ်သူလဲ၊ အခုနောက်ပိုင်း ပေါ်ပြူလာဖြစ်နေတဲ့ idol ခူးစေခန့်လား"

"မှန်တာပေါ့ မှန်တာပေါ့ ခူးစေခန့်"

"နေပါအုန်း အသက် ၂၀ တောင်ပြည့်သေးရဲ့လား"

သူဝင်လာထဲကအမျိုးမျိုးပြောနေတဲ့အပေါ် ခူးစေခန့်ကရယ်ရင်းနှုတ်ဆက်၏။

"Wolf ENT က ခူးစေခန့်ပါ"

"ငါတို့အစီအစဉ်ကို idol ခူးစေခန့်ရောက်လာတာ မယုံနိုင်ဘူး၊ မျက်မြင်ကိုယ်တွေ့,တွေ့လိုက်ရတော့ TV ထဲကထက်တောင်ပိုကြည့်ကောင်းသလိုပဲ"

"မြှောက်နေပြီဗျာ အဲ့လောက်လဲမဟုတ်ပါဘူး"

"အိုး အသံက တကယ်ပဲ idol လုပ်ဖို့မွေးလာတာပဲ"

သူတို့စကားပြောနေတုန်း အခန်းထဲကို ဂျင်းပြုတ်ရည်ခွက်တွေရော တခြားအဆာပြေမုန့်တွေရော ယူလာတော့သည်။

"ကဲကဲ ဆုပေးဒဏ်ပေးမုန့်တွေကိုတော့ယူလာပြီ စလိုက်ကြမလား"

ဒီအစီအစဉ်ကို Korea channel တစ်ခုနဲ့ပေါင်းပြီး မြန်မာရဲ့ channel တစ်ခုဖြစ်တဲ့ K channel တစ်ခုကတိုက်ရိုက်လွှင့်နေ၏။ MD အခန်းထဲမှာတော့ ဒီအစီအစဉ်ကိုကြည့်နေတဲ့ခေတ်တမာန်ရှိနေသည်။ သူသိပ်မကြာခင် ကိုရီးယားကိုသွားဖို့အစီအစဉ်ရှိတယ်လေ။ ဒီအစီအစဉ်ကို သူတို့အိမ်မှာလဲသူ့မာမီလဲကြည့်နေ၏။

Mind (စိတ်) Complete Uni & ZawgyiWhere stories live. Discover now