Part 17

5.1K 309 8
                                    

Unicode

"ခေတ်တမာန်!"

"ဟင်! ပြန်လာပြီလား ခူးခူး"

"မင်းဘာလုပ်နေတာလဲ ငါ့အိမ်ရှေ့မှာ"

ခူးခူးကမေးရင်း ကားထားဖို့အတွက် သူ့အိမ်အသစ်လေးရဲ့ဘယ်ဘက်ရှေ့ကအဆောင်လေးဘက်ကားမောင်းသွားပြီး ကားသွားထည့်ကာပြန်ထွက်လာ၏။ ပြီးတာနဲ့တံခါးဖွင့်ကာအထဲဝင်တော့သူပါလိုက်ဝင်လိုက်ပြီး အိမ်ထဲရောက်မှ

"အိမ်ပေါ်ကဆင်းလာတာ"

"အဲ့တော့"

"ခူးခူးနဲ့လာနေတာ"

"လွတ်သွားတာလား၊ ဒီအရွယ်ကြီးအိမ်ပေါ်ကဆင်းတယ်"

ခူးခူးကသူ့ပစ္စည်းတွေနေရာချရင်းစကားပြောနေသည်။ ပြီးမှခုံမှာဝင်ထိုင်တော့ သူပါဝင်ထိုင်လိုက်၏။

"အင်းလေ မာမီက ဂေးနေရင်သူ့အိမ်မှာမနေနဲ့ဆိုလို့"

"သူ့အိမ်မှာမနေလဲ မင်းသွားစရာတွေမှအများကြီး"

"သူတို့ပိုက်ဆံတွေအကုန်ထားခဲ့ရတယ်လေ"

"ဟိုတစ်ခါ ငါ့ကိုအတင်းဆွဲခေါ်သွားတဲ့ ကွန်ဒိုကရော"

"အဲ့ဒါရောင်းပလိုက်ပြီ"

"Vibora jewellery brand ရဲ့ရှယ်ယာဝင်သူဌေးကသွားစရာမရှိဘူးဆိုတာဖြစ်နိုင်လို့လား"

"ဟုတ်ပါတယ်ဆို ကိုကို ခူးခူးရဲ့လက်တိုလက်တောင်း အကုန်လုပ်ပေးမယ်နော် ဒီမှာနေခွင့်ပြုပါနော်"

"မနေခိုင်းတော့ရော ထွက်သွားမှာမဟုတ်လို့လား"

"မသွားပါဘူး"

"ဒါနဲ့များ"

"ခူးခူးကချစ်ဖို့ကောင်းလိုက်တာ"

ခူးစေခန့်ဘေးကပ်ပြီးသွားထိုင်ကာ ခူးစေခန့်ကိုဖက်ပြီးချွဲနေ၏။

"ငါ မင်းအဖေမဟုတ်ဘူး ဖယ်နော်"

"ကိုကို ဘယ်အခန်းမှာနေရမလဲ"

"ဟိုဘက်အခန်း ကိုယ့်ပါကိုယ်ဝင်ရှင်းလိုက်"

လက်ညှိုးထိုးပြတဲ့အခန်းက သူ့အခန်းနဲ့မျက်နှာလွဲလေး။ ဘယ်လိုပဲဖြစ်ဖြစ် အခုခူးခူးဆီမှာကပ်နေလို့ရပြီ။ အစက ခူးခူးဆီလာခဲ့ဖို့စိတ်မကူးမိ လင်းရောင်နဲ့ခဏတွေ့လိုက်ရင်း လင်းရောင်အကြံပေးလိုက်လို့ဖြစ်သည်။ သူလဲအဲ့တော့မှ တွေးမိသွားတာ ခူးခူးဆီမှာအနီးကပ်နေပြီး ခူးခူးသူ့ကိုအဖြေပေးလာအောင်လုပ်ရမည် မဟုတ်လား။ အခုတော့ ရည်ရွယ်ချက်ကြီးအကောင်အထည်ဖော်ရတော့မည်။ အခုတော့ 'ကိုကို' လို့သုံးတာကို မသုံးနဲ့လို့တော့မတားတော့။

Mind (စိတ်) Complete Uni & ZawgyiWhere stories live. Discover now