Warmth

13 2 2
                                    

Zawgyi

နွေးထွေးမှုဆိုတဲ့ စကားကဘယ်လိုမျိုးခံစားရလဲ။ငါလျှောက်နေတဲ့လမ်းကြားလေးထဲမှာတော့ အေးစက်မှုတွေနဲ့ ပျက်ဆီးနေတဲ့ အပိုင်းအစတွေဘဲရှိတယ်။

ဘေးလူတွေက နွေးထွေးမှုဆိုတဲ့အရာကို သူတို့ဘယ်လိုရနေကြောင်းပြောလာရင် တိတ်တဆိတ်ဘဲနားထောင်ခဲ့တယ်။အဲ့တာကဘယ်လိုပြောရမလဲ… ဗိုက်ဆာနေတဲ့ ကလေးတစ်ယောက်ရှေ့မှာ ဒီနေ့စားခဲ့ရတဲ့ အစားအသောက်တွေအကြောင်းလာပြောပြနေတဲ့ ခံစားချက်မျိုးဘဲ။

အမှန်တိုင်းပြောရရင် ချစ်တဲ့သူတွေဆီက နွေးထွေးမှုမျိုးကိုမရဖူးတာတော့မဟုတ်ဘူး။ဟိုးငယ်ငယ်လေးတုန်းက… အင်း မှတ်မိသလောက်ဆို သိပ်ကိုငယ်သေးတယ်။အဲ့အချိန်တုန်းကတော့ ငါ့ဘဝက ကြည်လင်နေတဲ့ကောင်းကင်ပြာကြီးကနေ နေရောင်ခြည်နုနုလေးတွေဖြာကျနေသလိုဘဲ အရမ်းနေလို့ကောင်းတဲ့နွေးထွေးမှုတွေနဲ့အသားကျနေခဲ့ဖူးတယ်။ပြီးတော့ စွဲလန်းခဲ့တယ်…

"ဖေဖေ သမီးကို ချစ်လား"

"မချစ်ဘူး"

၃ နှစ်အရွယ်လောက်ကလေးလေးက အဲ့စကားကြားတာနဲ့ မျက်ရည်တွေဝဲပြီး အော်ငိုတတ်တယ်။အဲ့ခါကျ အဲ့လူက ကလေးလေးကိုကောက်ချီပြီး "အဖေက စတာပါ ငါ့သမီးလေးကိုအချစ်ဆုံး" ဆိုပြီး ချော့မော့ပြောမှ အငိုတိတ်ခဲ့တယ်။

ကိုယ့်အတွက် အရေးပါတဲ့လူတွေကို "ချစ်လားဟင်" လို့လိုက်မေးတတ်တာ အဲ့အရွယ်ထဲက ပါလာတဲ့ အကျင့်တစ်ခုထင်ပါတယ်။တစ်ဖက်လူက မချစ်ဘူးလို့ဖြေတဲ့အခါ ဒါမှမဟုတ် တိတ်ဆိတ်သွားတဲ့အခါ စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ငါက မျက်ရည်တွေဝဲတတ်လာနေဆဲဘဲ။

"ဖယ်စမ်း သူ့ကိုငါလုပ်မှာ ဘာတစ်ခုမှမှ အသုံးမကျဘဲ"

"အမေ!! အမေမလုပ်ပါနဲ့"

ကြိမ်လုံးက ငါ့ဆီရွယ်လာပေမယ့် ငါ့အသားပေါ်ကိုတော့ ထိမသွားခဲ့ဘူး။ငါ့ရှေ့မှာဝင်ကာတဲ့ ကျောပြင်တစ်ခုကြောင့်လေ။ကြောက်လန့်နေတဲ့ကြားက နွေးထွေးမှုလေးကို ငါခံစားလိုက်ရတယ်။ငါ့အပေါ်ကိုအနိုင်ယူခဲ့သမျှ အကို့ရဲ့ဆိုးသွမ်းမှုတွေကို အဲ့နေ့ကခံစားလိုက်ရတဲ့ နွေးထွေးမှုလေးတစ်ခုနဲ့တင် ငါအကုန်ချေဖျက်ခဲ့တယ်။

Dark AlleyWhere stories live. Discover now