Random story 1

13 2 6
                                    

Unicode

ဟိုးရှေးရှေးတုန်းက…
ဗာရာဏသီပြည်ကြီးရဲ့ မနီးမဝေးမှာ ရွာလေးတစ်ရွာရှိခဲ့ဖူးတယ်။တစ်ရွာလုံးကလူတွေက စိုက်ပျိုးရေး လယ်အလုပ်တွေထက် မုဆိုးအလုပ်ကိုလုပ်ကြတာများတယ်။ရေမုဆိုးလို့ခေါ်တဲ့ တံငါသည်တွေ တောမုဆိုးလို့ဆိုပြန်တဲ့ တောလိုက်မုဆိုးတွေအပြည့်နဲ့ပေါ့။

အဲ့ရွာလေးထဲမှာဘဲ စေသုမာလို့ခေါ်တဲ့ တောလိုက်မုဆိုးတစ်ယောက်ကလဲ သူ့ရဲ့မိသားစုလေးနဲ့အတူ ရွာထဲမှာအေးအေးချမ်းချမ်းနေကာ လုပ်ကိုင်စားသောက်လေ့ရှိသည်။စေသုမာက ဝမ်းရေးအတွက်သာ ဒီအလုပ်ကိုလုပ်နေရပေမယ့် သတ္တဝါတွေကိုသတ်လိုစိတ်မရှိပေ။တစ်ခြားမုဆိုးမိသားစုတွေလိုလဲ စိတ်အစဉ်ဟာ မရိုင်းစိုင်းဘဲ နူးညံ့သိမ်မွေ့ကာ အများအကျိုးကိုသာ ဆောင်ရွက်ချင်သူဖြစ်သည်။ရွာထဲမှာလဲ သူတတ်နိုင်သလောက် အလုပ်တွေကိုလိုက်ကူပေးလေ့ရှိလို့ တစ်ရွာလုံးက စေသုမာဆိုလျှင်မချစ်ခင်ကြသူဟူ၍မရှိ။

"ရှင်မရေ ငါဒီနေ့ဟင်းစားသွားရှာအုန်းမယ် မင်းဘာစားချင်လဲ"

အိမ်ဝကနေ မြှားအိတ်လွယ်ကာ အထဲကိုလှမ်းအော်တော့ ချစ်နှမက  ထမင်းအိုးဖိုရင်းတန်းလန်းနဲ့ ထွက်လာပုံပင်။

"မောင်ကြီးရယ် အမဲလိုက်အုန်းမလို့လား တော်မနေ့ကလဲသွားထားပြီးပြီလေ"

"အော် မနေ့ကယုန်သားလေးနဲ့ တို့တွေမိသားစုဘယ်လောက်မလဲ သားနဲ့သမီးက ဖွံဖြိုးခါစအရွယ်ဆိုတော့ အသားဟင်းလေးကလဲ ပါအုန်းမှကွ"

"ကဲ ကဲ ပြောမရလဲသွား ကျုပ်အတွက်တော့ မှိုဖြစ်ဖြစ် မျှစ်ဖြစ်ဖြစ်ချိုးခဲ့ပေးရှင် အော် ခဏ…"

ပြောရင်း ပြေးဝင်သွားသော ဇနီးသည်ကို စေသုမာပြုံးကာရပ်စောင့်နေလိုက်သည်။ခဏကြာမှသာ ဖက်နဲ့ထုပ်ထားသော ဖက်စိမ်းထုပ်လေးအပြင် ဝါးကျည်တောက်လေးတစ်ခုပါလက်ထဲပါလာလေသည်။

"ရော့ ရှင်တောထဲဗိုက်ဆာရင် စားရအောင် ကျုပ်မနေ့ကကျန်တဲ့ယုန်သားကို ထမင်းလေးနဲ့မီးဖုတ်ထားပေးတယ် ဒါကရေ"

"အလုပ်ရှုပ်ခံလို့ ရှင်မရာ"

"တော်ပါ နေမဝင်ခင်ပြန်ခဲ့နော် ကျုပ်စိတ်ပူတယ်"

Dark AlleyWhere stories live. Discover now