မြတ်နိုးမိသော

1 0 0
                                    

အချစ်ဆုံးဆိုတာထက်ပိုတယ်.. မရှိမဖြစ်လိုမျိုးပဲ
သူမရှိတော့ရင် ဘဝကြီးကဟာသွားလိမ့်မယ်
အလုပ်ထွက်လိုက်မိလိမ့်မယ် ဆေးတွေလဲဆက်မသောက်ဖြစ်လောက်ဘူး ဖြစ်ချင်ရာဖြစ်ဆိုတဲ့ဘဝကြီးမှာ ငါမျောနေလိုက်မယ် ငါ့အတွက်က သူမရှိလို့မဖြစ်ဘူး။

ငါ့ကိုငါချစ်ဖို့ထက် သူ့ကိုအရင်ချစ်ဖို့ကိုရွေးချယ်မိတယ် သူပြီးမှ ငါလာတာက ငါ့အချစ်တွေကဖြစ်လာတဲ့ ဦးစားပေးမှုတစ်ခု။

ငါ့စကားတွေကို သူယုံမယုံ ငါမသိဘူး သူ့စိတ်ကိုလဲ ငါမမှန်းတတ်ဘူး သူက တွက်ရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ သင်္ချာညံ့တဲ့ ငါက အဲ့ပုစ္ဆာကိုတော့ အဖြေမသိရမချင်း တွက်ဖို့ ဇွဲရှိနေပြီးသား။

ငါ့အတ္တတွေကြောင့် သူ့ကိုအခက်မတွေ့စေချင်တာတော့အမှန်၊ ဒါကြောင့်လည်း ထားရာနေတဲ့ နေရာမျိုးမှာ ငါနေမယ်၊ အဓိကက မင်းအနားရှိနေနိုင်ဖို့ပဲမလား။

ဆုတောင်းတွေဟာရိုးရှင်းတယ် အမြဲတမ်းမင်းစိတ်လေးပျော်ရွှင်နေစေဖို့၊ မင်းကျန်းမာဖို့နဲ့ ဖြစ်ချင်တာတွေအမြဲတမ်းဖြစ်နေစေဖို့ပေါ့

ချစ်သောက နာမကျန်းဖြစ်တဲ့အခါ သူ့ဆီကဝေဒနာတွေ တပည့်တော်ဆီပဲရောက်ပါစေလို့ ဘုရားကိုပူဆာရတာလည်း အမော၊ ဆုတောင်းမှားရင် သံသရာအဆက်ဆက်ခံရတတ်တယ်ဆိုလည်း အမှတ်မရှိပဲ ဆက်မှားနေမိဦးမှာလဲ ကိုယ်တိုင်ပါပဲ။

သူ့ကိုသူသာအချစ်ဆုံးလို့​ပြောပြောနေတတ်တဲ့ အချစ်ရဲ့ဘဝမှာ ငါ့ရဲ့အရေးပါမှုကနံပါတ်စဥ်ဘယ်လောက်လဲ ငါမသိဘူး။ဒါပေမယ့် ဘယ်သူ့နောက်မှပဲလာလာ မင်းနားမှာ အရေးပါနေတဲ့လူတစ်ယောက်အဖြစ်ရှိရတာကိုပျော်တယ် အချစ် 

ဒီစကားတွေကို မယုံတာလည်းဖြစ်နိုင်တယ် အပိုတွေလို့လဲထင်နိုင်တယ် ငါ့ရဲ့အချစ်ကိုဖော်ပြတဲ့ပုံစံကတော့ရိုးရှင်းတယ် လိုအပ်တိုင်းရှိနေပေးမယ် စကားတွေနဲ့ရော လက်တွေ့ပါ မင်းကိုချစ်ကြောင်းတွေပြသွားမယ် ဒီလောက်ပါပဲ..

Dark AlleyWhere stories live. Discover now