လူတွေက ရယ်ရတယ်
သူတို့ အတ္တမှ အမှန်လို့ထင်နေကြတာ..ငါဒါလုပ်ရင် မှန်ပေမယ့် သူဒါလုပ်ရင်ကျ မှားတယ်။ဘာလို့လဲဆိုတဲ့ တန်ပြန်မေးခွန်းတွေကိုတော့ နှာခေါင်းရှုံ့ကြတယ်။ဘယ်လောက်ရယ်စရာ ကောင်းလိုက်တဲ့ အတ္တတွေလဲ။
ငါတိုနိုင်ငံမှာ အာဏာရှင်ကို တိုက်ထုတ်နေကြတယ်တဲ့။ဘာလို့လဲမေးတော့ လွတ်လပ်ချင်လို့တဲ့။အဲ့စကားကို မိသားစုတစ်ချို့က ကလေးတွေကြားရင် ပြုံးနေမိလိမ့်မယ်။ဒီမိုကရေစီခေတ်လား အာဏာရှင်စနစ်လား သူတို့မသိ။သူတို့ကိုယ်တိုင်က ပုံစံခွက်တွေထဲ ရှင်သန်လာရတာ နေသားကျပြီး လွတ်လပ်မှုဆိုတာ ဘာလဲလို့ မေးခွန်းပြန်ထုတ်ကြမယ့်သူတွေ။
တိုင်းပြည်လွတ်လပ်ရေးမပြောနဲ့ ငါတို့ကိုယ်ပိုင် လွတ်လပ်ရေးအတွက်တောင် အိမ်နဲ့တိုက်ယူလို့ မနိုင်သေးဘူး အမိမြေရေ။ဘာကြောင့်လဲမမေးနဲ့။ တစ်ယူသန် အတ္တတွေကြောင့်ပဲလေလို့ ဖြေရမယ့် ပါးစပ်တောင် ညောင်းတယ်။
ကြိုးစားသမျှ ပင်ပန်းသမျှဟာ သူတို့အတ္တတွေနဲ့တွေ့တော့ မြောင်းထဲက ရေဆိုးလောက်တောင် အသုံးမဝင်တော့တဲ့ပုံဘဲ။
အတ္တတစ်ခုကို ပွေ့ပိုက်ပြီး လူအများရှေ့မှာ ဆူလိုက်ပေမယ့် ဆူခံလိုက်ရတဲ့ ကလေးငယ်ရသွားလောက်မယ့် စိတ်ဒဏ်ရာကို ကလေးမိဘကတော့ မသိသလိုပေါ့..
သူ့စိတ်ထဲမှာ ငါပြောလိုက်ရင် ဒီကောင်ရှက်ပြီး နောက်တစ်ခါမလုပ်ရဲတော့ဘူးဆိုတဲ့ အတ္တနဲ့လုပ်လိုက်ပေမယ့် ကလေးအတွက်တော့ အရိပ်မည်းကြီးတစ်ခုဖြစ်တည်သွားပြီ။
အဲ့လိုဘဲ အတ္တဆိုတဲ့အရာက ငါတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ တစ်ခြားသူရဲ့ဘဝတစ်ခုကို ဖျက်ဆီးပစ်နိုင်တယ်။
အမိမြေရေ ငါတို့နိုင်ငံက ဘာသာတရားထွန်းကားသလောက် လိုက်နာနိုင်သူရှားတယ်။ဘုရားစာကို ဂါထာရွတ်သလို မန်းမှုတ်နေကြပေမယ့် ကျင့်သုံးတဲ့သူဆိုတာ ငါတော့ မတွေ့ဖူးသေးဘူး။အလှူအကြီးအကျယ်ပေးပြီး အိမ်ရောက်တော့ ရန်ဖြစ်အော်ဟစ်နေကြတဲ့လူတွေများ ဘာစိတ်အေးချမ်းသာစရာ ကုသိုလ်များရသွားကြလဲလို့ ငါတွေးရင်း ရယ်မိတယ်။