Wishes

6 0 0
                                    

လိုက်မမှီနိုင်တဲ့ စံနှုန်းတွေကြား အတင်းမရှင်သန်ခိုင်းရင် ကောင်းမှာပဲ

သူများလက်ထဲကအရာကို လှလိုက်တာဆိုပြီး အားကျတဲ့အကြည့်တွေအစား ကိုယ့်ဆီကအရာကိုပဲ "သူများတွေနဲ့ယှဥ်ရင်တောင် မင်းကမဆိုးပါဘူး" ဆိုတဲ့ စိတ်လေး ထားပေးနိုင်ရင်ကောင်းမှာပဲ

ပြောပြသမျှတွေကို အပြစ်မြင်တဲ့စိတ်နဲ့ မကြည့်ရင် ကောင်းမှာပဲ

ကျလာတဲ့မျက်ရည်တွေက ထပ်အပြစ်တင်စေချင်လို့မဟုတ်ပဲ နှစ်သိမ့်မှုတစ်ခုလောက်ဖြစ်ဖြစ်လိုချင်လို့ဆိုတာ နားလည်ပေးနိုင်ရင်ကောင်းမှာပဲ

သို့လော သို့လောနဲ့ ငါ့ဘက်ကလောဘကြီးခဲ့တာတွေပေါ့။ဒါပေမယ့်လည်း တန်ရာတန်ရာပဲပေါ့.. မထိုက်တန်လို့မရတဲ့အရာတွေကို အတင်းလိုချင်ပါတယ် တောင်းဆိုနေလို့မှမရပဲ။

သူတို့သာအဲ့လိုတွေးပေးရင်ကောင်းမှာပဲဆိုတဲ့စိတ်ကိုဖျက်လိုက်ပြီး ငါ့ဘက်ကဒီလောက်ပဲရဖို့တန်လို့ဆိုတာမျိုးနဲ့တွေးပြီး ဒီလတွေထဲ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ဖြစ်တယ်။အခွင့်အရေးရောက်လာရင် ယူလိုက်တယ် ပစ်ပယ်ခံရတဲ့အခါ ငြိမ်နေလိုက်တယ် အထွန့်တက်ဖို့ ကြံလိုက်တိုင်းမှာ ဒီလောက်ရတာတောင် နင်ကံကောင်းနေပြီ ဒီ့ထက်ပိုပြီး မတောင်းဆိုနဲ့လို့ ကိုယ့်ကိုယ်ကို သတိပေးပြီး ရပါတယ်ဆိုတာကိုတဖွဖွပြောရင်း ငါ့ဘက်ကတောင်းဆိုချင်တာတွေကိုလျှော့ချလိုက်တယ်။

ဒီလိုနဲ့ အေးချမ်းသွားလားဆိုတော့.. အင်း အမှောင်ထုထဲထိုင်နေရသလိုမျိုးပေါ့။မျက်ရည်တွေကိုလဲဘယ်သူမှမမြင်ရတော့သလို အထီးကျန်နေတာတွေလည်း သူတို့မသိတော့ဘူး။အစတည်းက မြင်အောင်မကြည့်ချင်တဲ့သူတွေဆီက ဘာတွေမျှော်လင့်ခဲ့မိမှန်းလည်း မသိပါဘူး။

မငြင်းချင်တော့ဘူး ရန်မဖြစ်ချင်တော့ဘူး ပထမတစ်ခါပြောပြမယ် ဒုတိယတစ်ခါ ပြုံးပြမယ် တတိယတစ်ခါ လှည့်ထွက်လာတော့မယ်။

လိုက္မမွီနိုင္တဲ့ စံႏႈန္းေတြၾကား အတင္းမရွင္သန္ခိုင္းရင္ ေကာင္းမွာပဲ

သူမ်ားလက္ထဲကအရာကို လွလိုက္တာဆိုၿပီး အားက်တဲ့အၾကည့္ေတြအစား ကိုယ့္ဆီကအရာကိုပဲ "သူမ်ားေတြနဲ႕ယွဥ္ရင္ေတာင္ မင္းကမဆိုးပါဘူး" ဆိုတဲ့ စိတ္ေလး ထားေပးနိုင္ရင္ေကာင္းမွာပဲ

ေျပာျပသမွ်ေတြကို အျပစ္ျမင္တဲ့စိတ္နဲ႕ မၾကည့္ရင္ ေကာင္းမွာပဲ

က်လာတဲ့မ်က္ရည္ေတြက ထပ္အျပစ္တင္ေစခ်င္လို႔မဟုတ္ပဲ ႏွစ္သိမ့္မႈတစ္ခုေလာက္ျဖစ္ျဖစ္လိုခ်င္လို႔ဆိုတာ နားလည္ေပးနိုင္ရင္ေကာင္းမွာပဲ

သို႔ေလာ သို႔ေလာနဲ႕ ငါ့ဘက္ကေလာဘႀကီးခဲ့တာေတြေပါ့။ဒါေပမယ့္လည္း တန္ရာတန္ရာပဲေပါ့.. မထိုက္တန္လို႔မရတဲ့အရာေတြကို အတင္းလိုခ်င္ပါတယ္ ေတာင္းဆိုေနလို႔မွမရပဲ။

သူတို႔သာအဲ့လိုေတြးေပးရင္ေကာင္းမွာပဲဆိုတဲ့စိတ္ကိုဖ်က္လိုက္ၿပီး ငါ့ဘက္ကဒီေလာက္ပဲရဖို႔တန္လို႔ဆိုတာမ်ိဳးနဲ႕ေတြးၿပီး ဒီလေတြထဲ ကိုယ့္ကိုယ္ကိုႏွစ္သိမ့္ျဖစ္တယ္။အခြင့္အေရးေရာက္လာရင္ ယူလိုက္တယ္ ပစ္ပယ္ခံရတဲ့အခါ ၿငိမ္ေနလိုက္တယ္ အထြန့္တက္ဖို႔ ႀကံလိုက္တိုင္းမွာ ဒီေလာက္ရတာေတာင္ နင္ကံေကာင္းေနၿပီ ဒီ့ထက္ပိုၿပီး မေတာင္းဆိုနဲ႕လို႔ ကိုယ့္ကိုယ္ကို သတိေပးၿပီး ရပါတယ္ဆိုတာကိုတဖြဖြေျပာရင္း ငါ့ဘက္ကေတာင္းဆိုခ်င္တာေတြကိုေလွ်ာ့ခ်လိဳက္တယ္။

ဒီလိုနဲ႕ ေအးခ်မ္းသြားလားဆိုေတာ့.. အင္း အေမွာင္ထုထဲထိုင္ေနရသလိုမ်ိဳးေပါ့။မ်က္ရည္ေတြကိုလဲဘယ္သူမွမျမင္ရေတာ့သလို အထီးက်န္ေနတာေတြလည္း သူတို႔မသိေတာ့ဘူး။အစတည္းက ျမင္ေအာင္မၾကည့္ခ်င္တဲ့သူေတြဆီက ဘာေတြေမွ်ာ္လင့္ခဲ့မိမွန္းလည္း မသိပါဘူး။

မျငင္းခ်င္ေတာ့ဘူး ရန္မျဖစ္ခ်င္ေတာ့ဘူး ပထမတစ္ခါေျပာျပမယ္ ဒုတိယတစ္ခါ ၿပဳံးျပမယ္ တတိယတစ္ခါ လွည့္ထြက္လာေတာ့မယ္။

Dark AlleyWhere stories live. Discover now