Part ( 1 )

3K 190 9
                                    

Unicode

အချိန်အားဖြင့် မနက် ( 7 ) နာရီ

"Seokjin လေးရေ သားကြီး နိုးနေပြီလား "

"Nae မေမေ သားနိုးနေပါပြီဗျ"

"အေး နိုးနေရင် သားငယ်လေးကို နှိုးလိုက်ပါအုံးကွယ် မေမေ နဲ့ ဖေဖေ Breakfast စားဖို့စောင့်နေမယ်နော်"

"ဟုတ်ကဲ့ မေမေ သား ပုကျိလေးကို နှိုးပြီး လာခဲ့မယ်နော်"

"အေး သားကြီး ပြီးရင် ညီအကို နှစ်ယောက် ဆင်းလာခဲ့ကြနော် "

"Nae"

မေမေ့ ရဲ့ညွှန်ကြားချက်အရ Jiminnie ကိုနှိုးဖို့ သူ့အခန်းရှိရာသို့

" Jiminnie ရေ ထတော့လေ "

"....."

"Jiminnie ရေထတော့လို့ "

"အာ... ခနလေးပါ Hyung ရယ် ခနလောက် ထပ်အိပ်ပါရစေလား"

"ခနလေး လုပ်မနေနဲ့လေ အလုပ်နောက်ကျတော့မှာပဲ "

"လာပါပြီဗျာ Hyung ကလည်း နည်းနည်းလေးမှ ကောင်းကောင်းမွန်မွန်ပေးမအိပ်ဘူးနော် နောက်ကျတော့လည်းဘာဖြစ်လဲ Hyung ရယ် အဖေက CEO ပဲ ဟာ "

"အမယ် အပိုတွေလုပ်မနေပဲ သွား မျက်နှာသစ် ရေချိုး ပြီးရင် Breakfast စားဖို့ဆင်းလာခဲ့ Daddy တို့စောင့်နေတယ် အချိန်တော့လေးစားအုံးမှပေါ့ အဖေ က CEO ဖြစ်တိုင်း နောက်ကျမှ သွားလို့ရမလား  "

"Nae Jiminnie ကစတာပါ Hyung ကလည်း "

" ဟုတ်ပါပြီ မြန်မြန်လုပ်နော် ပုကျိလေး "

"ဟာ Hyung ကလည်း အဲ့နာမည်ကြီး ကို မခေါ်ပါနဲ့ဗျာ"

"ဘာလို့လဲ ချစ်စရာလေးကို ကဲ သွားပါ ရေသွားချိုးတော့ "

"....."

ကျွန်တော်ကတော့ Kim Seokjin
အသက်ကတော့ 27ပေါ့
ဆရာဝန်တစ်ယောက်ပါ ညီလေးတစ်ယောက်ရှိတယ် Kim Jimin တဲ့ သူကတော့ အိမ်ရဲ့ အချစ်တော်လေးပေါ့ဗျာ။
အငယ်ဆုံးလေးဆိုတော့ ဖေဖေ မေမေ နဲ့အကုန်လုံးက ဝိုင်းပြီး အလိုလိုက်ထားကြတော့ မဆိုသလောက်လေး ဆိုးချင်တာပေါ့ ။
ကျောင်းပြီးသွားတော့ ဖေဖေ့ ကုမ္ပဏီမှာ အလုပ်ဝင်နေတယ် သူငယ်ချင်းဆိုပြီး များများစားစား မရှိဘူးရယ် တစ်ယောက်တော့ရှိတယ် Jeon JungKook တဲ့ သူကတော့ ဘာလုပ်လည်း ကျွန်တော်လည်း မသိဘူး။
ခင်တာ‌ တော့ ကောလိပ်စတက်မှလို့ပြောတာပဲ တစ်ခါတစ်လေတော့ အိမ်လာလည်တတ်သေးတယ် ကျောင်းပြီးတော့ ပိုပြီး လာလည်တာများတယ် သူ့ပုံစံကတော့ အေးဆေးနေတတ်မယ့်ပုံလို့ထင်ရပါတယ် တစ်ခါမှတော့ သေချာစကားမပြောဖူးဘူးရယ် ။
ပုကျိလေးဟာ အရမ်း ချစ်ဖို့ကောင်းတဲ့ ကလေးလေးပေါ့ ချစ်ဖို့ကောင်းတဲ့ အပြင် ပဲ ကလည်း အရမ်းများတာ
ဘယ်လောက်ပဲ ချစ်ဖို့ကောင်းကောင်း ကျွန်တော့ကိုတော့ ဘယ်မှီပါ့မလဲ ကျွန်တော် က worldwide handsome လေ 
(စလာပါပြီ Mr.Worldwide Handsome ကြီးကတော့☹️ )
တစ်ဦးတည်းသော ညီလေးဖြစ်တာမို့ ကျွန်တော်ကလည်း သည်းသည်းလှုပ်ချစ်တာပေါ့။
သူကလည်း  တကယ့် ချွဲစိန်လေးပေါ့ဗျာ ဂိမ်းဆော့ရတာတော့ အရမ်းကြိုက်တယ်  မအိပ်မနေကို ဆော့နိုင်တာ ဂိမ်းဆော့ရတာတင်ကြိုက်တာ မဟုတ်ဘူးဗျ လမ်းထဲက ကလေးတွေနဲ့ ပြိုင်ပြီး မျောက်မူးလဲအောင်ကို ဆော့နိုင်တာ ပိတ်ရက်ရောက်ပြီဆိုတာနဲ့ ကလေးဗိုလ်လေးသွားလုပ်သေးတာ  လူကသာ ဘွဲ့ရပြီးတာ စိတ်က ကလေးစိတ် အလုပ်မလုပ်ချင်ဘူးဆိုလို့ ဖေဖေက ကြိမ်းမောင်းပြီး ကုမ္ပဏီမှာသူနဲ့အတူတူ လိုက်လုပ်ရမယ်ဆိုလို့ မလုပ်ချင်လုပ်ချင်နဲ့ ဝင်လုပ်နေရတာပေါ့ ။
ဘာပဲလုပ်ရလုပ်ရ ဂိမ်းကတော့ အဆော့မပြတ်ဘူး
ဂိမ်း ကို ညဉ့်နက်တဲ့အထိ ဆော့ မနက်ကျရင်လည်း အဲ့လိုမျိုး အိပ်ယာထ‌ နောက်ကျတော့အမြဲနှိုးရတာပေါ့ ။
ကိုယ်ကလည်း ကိုယ့်အလုပ်သွားဖို့ပြင်ဆင်ရတာကတစ်ဖက် နဲ့  သူ့ကို နေ့တိုင်းနှိုးပေးရတာကလည်း အလုပ်ကြီးတစ်ခုလိုကိုဖြစ်လို့ ။
အိမ်မှာ အိမ်အကူ မထားတော့ မေမေ နဲ့ ကျွန်တော်ပဲ မီးဖိုချောင်ဝင်ပြီး  ချက်ပြုတ်ကြတာပေါ့ မေမေ ကတော့ အိမ်ရှင်မပဲပေါ့ ဖေဖေ ကတော့ Kim Group ရဲ့ CEOတစ်ယောက်ပေါ့ ။
ကျွန်တော်ကတော့ တစ်ခါတစ်လေ ပိတ်ရက်တွေကျမှ ချက်ပြုတ်ဖြစ်တယ် ပိတ်ရက်ဆိုလို့လည်း သိပ်မရှိဘူးရယ် အမြဲတမ်း ဆေးရုံနဲ့အိမ် အိမ်နဲ့ဆေးရုံပြေးနေရတာပဲ  စဉ်းစားနေတာ ဘယ်လောက်ကြာသွားတယ်မသိ ပုကျိလေးအသံကြားမှ သတိပြန်ဝင်လာမိတယ် ..။

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now