Part ( 8 )

1.1K 128 8
                                    

Unicode

ညနေမစောင်းခင် ဂျယ်ဂျူသို့ရောက်ရှိခဲ့သည်။
နေစရာနေရာလည်း ပူစရာ မလိုပေ ဂျယ်ဂျူမှာ ဖေဖေ့ရဲ့ ဟိုတယ်တွေမှ အများကြီး
Hyung ကတော့ အိပ်ပြီး လိုက်လာလေရဲ့
သူ့ကိုစလိုက်တာကို ရှက်ရတာ ပင်ပန်းပြီး အိပ်ပျော်သွားတယ်နဲ့တူတယ်။
ဟိုတယ်ကိုရောက်တော့ Joonnie Hyungနဲ့ Jungkook တို့က အရင်ရောက်နှင့်ပြီ။
" Hyung ရောက်ပြီလေ ဆင်းကြရအောင် "

" ‌အော် ရောက်ပြီလား အာ့ဆို သွားကြမယ်လေ "

Hyung ကိုနှိုးပြီး ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြတယ်။ဟိုတယ်ထဲရောက်တော့ Joonnie Hyungနဲ့ Jungkook တို့က Lobby မှာ မိန့်မိန့်ကြီးထိုင်နေကြလေရဲ့။

" ကြာလိုက်တာ Jimin ရယ် ကားကို လိပ်စီးပြီး မောင်းလာတာလား ငါတို့ရောက်တာ ကြာလှနေပြီ "

" အော် မင်းတို့ကပြောအားရှိတာကို တစ်ယောက် ပင်ပန်းရင် နောက်တစ်ယောက်နဲ့ လဲပြီးမောင်းလို့ရတယ်လေ ငါကတစ်ယောက်တည်းမောင်းရတာကို အဲ့လောက်တော့ကြာမှာပေါ့ "

" အေးပါ ဟုတ်ပါပြီ ရန်ဖြစ်မနေကြနဲ့တော့ နှစ်ယောက်လုံး အခန်းသွားယူကြမယ် "

"......"

Hotel reception ရှိရာသို့ လာခဲ့လိုက်ကြသည်။

" ‌ဟယ်လို Hyung တို့ အခန်းက ဘယ်နှခန်းယူကြမှာလဲ"

" အင်း Jay တစ်ယောက်တစ်ခန်းယူကြမှာ  "

" မဟုတ်တာ Hyung ကလည်း Jiminnie တို့က တစ်ယောက်တစ်ခန်း ခွဲနေကြမလို့လား အဲ့လိုဆို အဆင်မပြေဘူးလေ ပြီးတော့ အခန်းက နှစ်ခန်းပဲရှိတော့တာတဲ့လေ ဟုတ်တယ် မဟုတ်လား Jay "
မျက်စိမှိတ်ပြီး အချက်ပေးနေသော်လည်း အူတူတူနဲ့ပြန်ကြည့်လာသော Jay
" မဟုတ် ..... အယ် ဟုတ်သားပဲ ကျွန်တော်မေ့နေတာ အခန်းက အကုန်ပြည့်နေတာ လာတဲ့ ဧည့်သည်တွေကလည်း နည်းနည်းများတော့ ကံကောင်းလို့ပေါ့ Hyung တို့အတွက် နှစ်ခန်းကျန်နေသေးတာ "

" အော် အဲ့လိုလား "

" Hyung အတွက် အဆင်မပြေရင် Jiminnie အခန်း လိုက်တောင်းကြည့်လိုက်မယ်လေ တခြားဟိုတယ် သွားတည်းလို့ရအောင်စီစဉ်ပေးလိုက်မယ်လေ "

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now