Part ( 9 )

1.1K 122 4
                                    

Unicode

" ‌ရောက်ကတည်းက ပင်ပန်းနေမှာစိုးလို့ ခနနားလိုက်ပါလို့ပြောမိပါတယ် သူက အိပ်တောင်ပျော်သွားသေးတယ် အခုထိလည်း မနိုးသေးဘူး အိပ်နေတဲ့ပုံစံလေးကလည်း အူယားစရာလေး "

ဖုန်းလေးကို ထုတ်ပြီး ဓာတ်ပုံရိုက်လိုက်မိတယ် ထို့နောက် ဖုန်း ရဲ့ wallpaper လေးပေါ်မှာ ထိုပုံလေးက နေရာယူသွားခဲ့တယ်...... ။
' ခွင့်လွှတ်ပါ Jin ရယ် ခွင့်မတောင်းပဲ ဓာတ်ပုံရိုက်မိတာကို
အမှန်တကယ်ဆို ကိုယ်က လူတွေကို ဓာတ်ပုံရိုက်လေ့မရှိဘူး ရှုခင်းတွေ သဘာဝအလှလေးတွေကို ပဲ ရိုက်လေ့ရှိပေမယ့် အဲ့အကျင့်လေးကတော့ ခင်ဗျားလေးနဲ့တွေ့မှ ပျောက်ခဲ့ရပြီ လက်စွဲတော် camera လေးထဲမှာလည်း မနက်က သူမသိအောင်ခိုးရိုက်ထားတဲ့ပုံလေးတွေ အခုဆို ခင်ဗျားလေးက ကျွန်တော့်ရဲ့ အရာရာဖြစ်နေတဲ့အပြင် ကိုယ့်ကိုလည်း အများကြီးစိုးမိုးနေပါပြီ  ဟူး..... ခင်ဗျားလေးနဲ့တော့ ခက်ပါတယ် အိပ်နေတာတောင် အရမ်း ချစ်ဖို့ကောင်းနေရတာပါလိမ့် '

တွေးလက်စအတွေးများကို ခနထားခဲ့ပြီး ရေချိုးရန် ရေချိုးခန်းဆီသို့ .... ။

" ဝါးးးးးးးး ပင်ပန်းလိုက်တာ အရမ်းပဲ ငါအိပ်ပျော်သွားတာပဲ "

အခန်းထဲဝေ့ပတ်ကြည့်တော့လည်း လူရိပ်တောင် မမြင်ရဘူး

" ဘယ်ရောက်သွားပါလိမ့် ဒီကောင်လေး မရှိတာလဲကောင်းပါတယ် မဟုတ်ရင် နေရတာ ကျဉ်းကျပ်နေအုံးမယ်
ရေချိုးအုံးမှပါ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် "

" Cos ah ah I'm in the stars tonight So watch me bring the fire and set the night alight "

သီချင်းတအေးအေးနဲ့ ရေချိုးခန်းထဲဝင်ဖို့ တံခါးရှေ့အရောက် ကြားလိုက်ရတာက တံခါးဖွင့်သံနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကိုယ့်မှာ မျက်နှာတစ်ခုလုံး ပူထူလာသလိုလိုနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာနဲ့ ခါးအောက်ပိုင်း သဘက်ပတ်ထားကာရေစိုနေတဲ့ ဆံပင်ကို သုတ်‌နေတဲ့ ပုံစံက ရူးချင်စရာကောင်းလောက်အောင် ဆွဲဆောင်နေသယောင်

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now