Part ( 7 )

1.1K 123 15
                                    

Unicode

ဒီနေ့ လေးယောက်လုံး ခရီးသွားရတော့မှာမို့ ကိုယ်စီပျော်နေကြသည်။
ကျွန်တော်ကတော့ အပျော်ဆုံးပေါ့ Jimin ရဲ့ ပြောပုံအရဆိုရင် ကျွန်တော်တို့ အခြေအနေတွေ တိုးတက်ဖို့ အခွင့်အရေးတွေအများကြီးရှိတယ်။
Jin ကို ဖွင့်ပြောမှ ဖြစ်တော့မယ် ဖွင့်ပြော‌ တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီ ။
ပြောကို ပြောမယ် Jin ကို ။
နောက်ကျတော့မှာပဲ မြန်မြန်သွားမှပါ Jin မျက်နှာလေးကို မြင်ချင်လှပြီ။
ကားဘီးလေး တရွေ့ရွေ့နဲ့ Jin တို့အိမ်သို့ ။

အိမ်ရှေ့ရောက်တော့ Namjoon Hyung ကားရပ်ထားတာတွေ့တော့ ရောက်နေပြီဆို တာ သေချာသွားပြီ ။
ငါက နောက်ကျနေတာလား ။

" Hey ရောက်လာပြီလား "

" Nae Namjoon Hyung ကျွန်တော် နောက်များ‌ကျသွားလား "

" မကျပါဘူး Jungkookရယ်  Hyung လည်း ခုနကမှရောက်တာ "

" အော် ကျွန်တော်က နောက်ကျနေပြီလို့တောင် ထင်သွားတာ "

" မင်းကသာ နောက်ကျနေပြီပြောတာ ဟို ညီအကို နှစ်ယောက်က အခုထိ ထွက်မလာသေးဘူး မိတ်ကပ် လိမ်းနေကြတယ်နဲ့ တူတယ် "

" အမယ် ငါ က worldwide handsome ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ငါ က ဘယ်လိုနေနေ ကြည့်လို့ကောင်းပေမယ့် နည်းနည်း ပါးပါးတော့ ပြင်ဆင်အုံးမှပေါ့ကွ "

" အေးလေ Joonnie Hyung ကလည်း နည်းနည်း ပါးပါးတော့ ပြင်ဆင်အုံးမှာပေါ့ အခုတော့ပြီးပြီ သွားကြမယ် အကုန်အဆင်သင့်ဖြစ်ရင် "

" သွားကြတာပေါ့ "

လေးယောက်လုံး အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်တယ် ကားက ကိုယ်စီရှိပေမယ့် တစ်ယောက်တစ်စီး ဆို ဘယ်လိုမှ အဆင်ပြေနိုင်ဖွယ်မရှိ Jin လက်ကလည်း ကားမောင်းဖို့အဆင်မပြေတော့ နှစ်ယောက်တစ်စီး သွားကြတာပဲ ပိုကောင်းပါတယ်လေ ။
ထိုစဉ် တစ်ခုခုကို အလေးအနက်တွေးကာ ပြောလာသော

" နေအုံး နေအုံး ငါက ကားကိုယ်တိုင်မမောင်းနိုင်ဘူးနော် အဲ့တော့ ဘယ်သူနဲ့စီးရမှာလဲ "

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now