Part ( 19 )

965 93 11
                                    

Unicode

" အဟင့် ကိုကို ကိုကို ......"

"ဖွီး အဟွတ် အဟွတ်...."

ကိုယ့်မှာ အသံကြားကြားချင်းသောက်ထားတဲ့ရေတောင် သီးသွားတယ် အယ် ဒီကောင်လေး ဘာဖြစ်တာလဲဟ ချက်ချင်းကြီး အခေါ်အဝေါ်တွေပြောင်းကုန်တာ ဘာဖြစ်လို့ပါ‌လိမ့် အနားနားကပ်ပြီး ကိုယ်တွေဘာတွေပူပြီး ဖျားနေတာများလားလို့ စမ်းကြည့်ပြန်တော့လည်း ချွေးတွေက ရွှဲနစ်လို့ ဒါဟာ သူအရက်မူးရင် ဖြစ်နေကျ ပုံစံမျိုးများလား ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးကျနေတာပဲ ချွဲနေလိုက်တာဆိုတာ

" ကိုကို Koo ကလေ မယုံလို့ လိုက်လာတာ ဟုတ်ဘူး သိလား ကိုကို့ ကို စိတ်မချလို့ လိုက်လာတာပါ အာ့ကြောင့် Koo ကို စိတ်မဆိုးပါနဲ့နော် "

".........."

"ကိုကို နော် နော် နော်လို့ "
ရင်ဘတ်နားကို ခေါင်းလေးဝှေ့ကာ ချွဲနေတဲ့ ယုန်ပေါက်လေး
" Koo နောက်တစ်ခါဆို အဲ့လိုမလုပ်နဲ့တော့နော် "

" ဟုတ် Koo ကတိပေးတယ် မလုပ်တော့ဘူး "

" ဟုတ်ပါပြီဗျာ ကတိ "

" ကိုကို လည်း နောက်တစ်ခါဆို အဲ့လိုမျိုး သူစိမ်းတွေနဲ့ မဖက်နဲ့ မရယ်ပြပါနဲ့နော် ကိုကို Koo မကြိုက်ဘူး "

" အမယ်လေး ကောင်းပါပြီဗျာ ချွဲစိန်လေး ထ ရေပတ်တိုက်ရအောင် "

သူ့ကိုရေပတ်တိုက်ပေး အဝတ်အစားလဲ ပေးပြီးတာနဲ့ ကိုယ်လည်း ရေမိုးချိုးပြီး အိပ်စက်ရန် ပြင်ဆင်လိုက်တယ် ကုတင်ပေါ်မှာ Koo ရဲ့ ဘေးကိုဝင်လှဲပြီး ဖက်ထားလိုက်တယ် Koo ကလေ အမြဲတမ်း လူကြီးဆန်ဆန်နေနေပေမယ့် တကယ့်မှ ကလေးလေးအတိုင်းပဲ ကိုယ်က သူ့အပေါ်စိတ်ကြိုက်ဆိုးနေတော့ သူ့မှာ လူကြီးဆန်ပြီးနေပြနေရတာ ငါ့ကို အဲ့လောက်တောင် ချစ်တယ်ပေါ့လေ ငါကလည်း မင်းကို အရမ်းပဲ ချစ်တယ်

" Goodnight Koo "

အနမ်းတစ်ပွင့်အား ချစ်ရသူနဖူးပြင်ထက်သို့ချွေကာ အိပ်စက်ခြင်းဆီသို့
* ကောင်လေးတစ်ယောက်မသိလိုက်တာက အမူးသမားလေးက မူးနေတာမဟုတ်ပဲ စိတ်ဆိုးမှာကို ကြိုသိနေလို့  မူးချင်ယောင်ဆောင်ပြီးချွဲနေတာကိုပေါ့ ပြုံးပြုံးကြီးကျေနပ်နေတဲ့ အမူးသမားလေးတစ်ယောက်ကလည်း ရှိနေလေရဲ့ *

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now