Part ( 4 )

1.3K 141 6
                                    

Unicode

" ဖေဖေနဲ့ မေမေ မပြီးကြသေးဘူးလားဗျာ နောက်တောင်ကျနေပြီ  "

" ဘယ်လိုဖြစ်နေတာလဲ သားလေးရယ် နည်းနည်း ပါးပါး ပြင်ဆင်စရာရှိတာ ပြင်ပါရစေအုံး "

" ဟုတ်ပါ့ မင်းကလည်း ကုမ္ပဏီ နဲ့ သားကြီး ကို မင်းက စိတ်ချဆိုလို့သာထားခဲ့ရမှာ ငါကတော့ မထားခဲ့ချင်ဘူး"

" အော် ဖေဖေကလည်း စိတ်ချပါဗျာ ကုမ္ပဏီကိုရော Hyung ကိုရော "

" သားငယ်လေး မင်း Hyung ကို သေချာဂရုစိုက်နော် မေမေ ကမသွားချင်ဘူးရယ် သားကြီး ရဲ့ လက်က အစစအရာရာ ဂရုစိုက်မှ အဆင်ပြေမှာလေ "

" အာ...မေမေ ရယ် သားကို စိတ်ချပါ Jiminnie ရှိနေတာပဲ ပြီးတော့ သားကိုယ်တိုင်လည်း ဂရုစိုက်လို့နိုင်ပါတယ် မေမေရယ် မေမေနဲ့ဖေဖေ သာ Busan မှာ စိတ်ချလက်ချနဲ့ တစ်ဝကြီး ပျော်ခဲ့ကြပါဗျ သားတို့ ညီအစ်ကို နှစ်ယောက်ကို စိတ်ချပါ "

" အေးပါ ဟုတ်ပါပြီ ဟေ့ကောင် Jimin မင်း အိမ်ကိုရော ကုမ္ပဏီကိုပါ ဇောက်ထိုးဖြစ်အောင်တော့ မလုပ်ထားနဲ့နော်"

'စိတ်ချပါ ဖေဖေရယ် အိမ်နဲ့ ကုမ္ပဏီကို တော့ဇောက်ထိုးမလုပ်ထားပါဘူး Hyung ကိုပဲ ယောကျာ်းပေးစားထားမှာ'
လို့ စိတ်ထဲကသာပြောမိလိုက်တယ်
" စိတ်ချပါ ဘာမှ မဖြစ်စေရဘူး သွားစရာရှိတာ သွားကြပါတော့ဗျာ နေမြင့်‌လာတော့မယ် "

" မင်းကလည်းကွာ ဘာလို့ အဲ့လောက်တောင် လောနေရတာလဲ ငါတို့ကို အတင်းနှင်ထုတ်နေသလိုပဲ "

" မဟုတ်တာ ဖေဖေ ရယ် သားက မေမေနဲ့ ဖေဖေတို့ရဲ့ပျော်စရာကောင်းမယ့် အချိန်လေးတွေကို မလျှော့သွားစေချင်လို့ စေတနာနဲ့ ပြောနေတာပါဗျာ..."

" ဟုတ်ပါပြီ သားငယ်ရယ် ဒါဆို မေမေတို့သွားတော့မယ်နော် Hyung ကို သေချာဂရုစိုက် သားကြီး လည်း ကိုယ့်ဘာသာ ဂရုစိုက်အုံးနော် "

" ဟုတ်ကဲ့ပါ မေမေ ရယ် နောက်ဆန်မတင်းပဲ သွားစရာရှိတာသာသွား ပျော်စရာကောင်းတဲ့ ခရီးလေး ဖြစ်ပါစေ "

" အေး သွားပြီနော် "
မေမေ တို့ထွက်သွားတော့မှ မနက်ကတည်းက ဆူညံ‌ နေတာ အခုမှပဲ တိတ်ဆိတ်သွားတော့တယ် လို့တွေးလိုက်မိတယ် ။
ဆူညံနေရခြင်း အကြောင်းကတော့ အိမ်ရဲ့ အသည်းကျော်လေး ကြောင့်ပေါ့ ဘယ်ကဘယ်လိုစမှန်းမသိ
ကျွန်တော့ကို သူပဲစောင့်ရှောက်ပါရစေ ဆိုပြီး ဖေဖေ နဲ့ မေမေကို ဘွားဘွား ရှိတဲ့ ဘူဆန်ကို ခရီး ထွက်ခိုင်းလေရဲ့။
ဗြုန်းစားကြီး ဆိုတော့ ကျွန်တော်မှာလည်း ကြောင်တောင်တောင်နဲ့ ကလေးစိတ်မပျောက်သေးတဲ့ သူ့ ညီလေးက သူ့ကို စောင့်ရှောက်ချင်လို့ဆိုတော့ ရင့်ကျက်လာပြီလို့တောင် ထင်လိုက်မိတယ်။
ဘာတွေပြဿနာရှာအုံးမလဲတော့မသိ သူမျောက်ရှုံးအောင်ဆော့တာကိုပဲ ကိုယ်ထိန်းရမလား ကိုယ့်ကိုပဲ သူက စောင့်ရှောက်မလားတော့ မပြောတတ် ....

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now