Part ( 2 )

1.9K 174 10
                                    

Unicode

"Jimin ရောက်နေတာ ကြာပြီလား"

'လာပါပြီ အဲ့အသံ ဟူး စိတ်တွေလည်း ရှယ်ချမ်းသာတယ်။တကယ်ပါပဲ စိတ်ဒုက္ခလည်း တော်တော် ပေးနိုင်တဲ့ အကောင်ပါ။
အဲ့ဒါကတော့ အကုန်လုံးက ကျွန်တော့သူငယ်ချင်းလို့ သိထားတဲ့ Jeon JungKook ပေါ့ ။
ကောလိပ်စတက်တုန်းက ကျွန်တော့ကို လိုက်နေတာ ကျွန်တော်က စိတ်မဝင်စားပါဘူး လို့ပြောလည်း မရမကကို အသည်းအသန်လိုက်နေတာ ဘယ်လိုမှ ငြင်းမရလို့ သူငယ်ချင်းလိုပဲ နေကြမယ်ဆိုပြီး အတင်းတောင်းဆိုတော့မှ လိုက်ရောလေရဲ့။
ဟင်း...... အဲ့အကောင် အကြောင်း‌ကတော့ ပြောမပြောချင်ပါဘူးဗျာ။
‌ကောလိပ်စတက်တုန်းကဆို ကျွန်တော့နောက် တကောက်ကောက်လိုက် မနက်‌အတန်းထဲ ရောက်တဲ့ အချိန်ကနေ ညနေအတန်းပြီး လို့ အိမ်ပြန်တဲ့အထိကို တကောက်ကောက်လိုက်ခဲ့တာ ။
အခုတော့ ကျွန်တော့နောက်လိုက်ရတဲ့ အကြောင်း အရင်း က အရင်ကနဲ့မတူတော့ ဘူးပေါ့ဗျာ။
နောက်ပိုင်း တစ်ခါလောက် အိမ်လာလည်ချင်လို့ ဆိုပြီး ခွင့်တောင်းတော့ ရတယ် လာခဲ့ပေါ့ ဆိုတော့ ရောက်ချလာပါလေရော။
အိမ်လာပြီး နောက်နေ့ကတည်းက မေးလိုက်တဲ့ Hyung အကြောင်း အဲ့တာမင်း အကိုလား ချောတယ်နော် မင်းကမှ ချစ်ဖို့ကောင်းတယ် ထင်တာ မင်း အကို က ပိုချောတာပဲ အသက်ဘယ်လောက်လဲ ဘာအလုပ်လုပ်တာလဲ ရည်းစားရှိလား။
အို ....တကယ်ပါပဲ မေးတာကို စုံနေတာပဲ အရင်က မင်းရဲ့ ချစ်စရာကောင်း မှုလေးတွေကို ပဲ မြင်ပြီး မင်းကို မျက်စိကျမိခဲ့တယ် ထင်ပါရဲ့ ။
အခုတော့တကယ် Heart ထိသွားပြီနဲ့တူတယ် ငါ့မျက်စိထဲမှာ Jin တစ်ယောက်ပဲရှိတော့တယ် ငါနောက်ဆုံးတော့ Falling in love ဖြစ်ခဲ့ပြီ ။
ငါ့ကို Jin နဲ့ အောင်သွယ်ပေးပါကွာဆိုပြီး တကျီကျီ ဂျစ်တိုက်နေတဲ့ တကယ့် အကောင် ညဘက်တွေဆိုလည်း ဖုန်းဆက်ပြီး တဂျီဂျီနဲ့ ကျွန်တော်ကတော့ အခုချိန်ထိ စဉ်းစားနေဆဲပေါ့ အပြောင်းအလဲမြန်ပြီး မျက်နှာများတဲ့ ကောင်လို့ ပြောရအောင်လည်း  သူ့ကြည့်တော့လည်း ရည်းစားတောင် ထားဖူးတာ မဟုတ်ဘူးရယ်။
Hyung နဲ့မှ တကယ့်ရင်ခုန်လာတဲ့ ပုံစံမျိုးနဲ့ ကိုယ့် အကို ယောက်ျားရဖို့ အရေး ဒီက  Jimin တို့ကတော့ ကူညီပေးရသေးတာပေါ့ '

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now