Part ( 3 )

1.6K 166 5
                                    

Unicode

" Jin Hyung ... ကျွန်တော်လေ ~~"

" ....."

" ကျွန်တော် Toilet သွားချင်လို့ "

" ခွီ... အော် အင်း ဟိုဘက်က ရေချိုးခန်း ဒီဘက်က Toilet "

"....."

ကိုယ့်မှာတော့ ဘာများဖြစ်လို့လဲလို့ စိတ်ပူလိုက်ရတာ။
တကယ်ပါပဲ ဒီကလေးနဲ့တော့ ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ညွှန်ပြလိုက်တော့မှ ခပ်သွက်သွက်လေး ဝင်သွားတဲ့ကောင်လေး ဝင်သွားပြီး ဘယ်လောက်မှမကြာလိုက်
Hyung ကျွန်တော်ပြန်တော့မယ်ဆိုပြီး မပြေးရုံတမယ်လမ်းလျှောက်သွားတဲ့ ကောင်လေး ရှက်သွားတယ်နဲ့တူပါတယ် ကျွန်တော် လည်း ဘယ်သူမှမရှိတော့တာနဲ့ ခနလေး လှဲလိုက်ပြီး အိပ်စက်ခြင်း စီသို့....။
.
.
.
.
.
.......................

Jungkook's Side

ရှက် ရှက်နဲ့ အိမ်သို့အမြန်ပြန်လာပြီး အခန်းထဲရောက်တော့

' အား Jeon JungKook ရေ ဘယ်လိုတောင် အရှက်ကွဲနေမှုကြီးလဲ ငါ့နှယ်တကယ်စိတ်လေတယ် ငါ့မျက်နှာကြီး ဘယ်မှာသွားထားရပါ့မလဲ ရှက်လိုက်တာကွာ လပေါင်းများစွာ ချစ်လာရတဲ့ Jin Hyung ရှေ့မှာမှ အဲ့လို ထဖြစ်ရတယ်လို့ တကယ်ပါပဲ။
ဟင်း....ဘာပဲဖြစ်ဖြစ်ပါလေ အခုလိုဖြစ်သွားတော့လည်း တစ်မျိုးကောင်းတာပေါ့ မမေ့နိုင်စရာ အမှတ်တရလေးတွေ ဖြစ်သွားပေါ့။
ချစ်လိုက်ရတာ Jin ရယ် ချစ်လိုက်ရတာ...။
Jimin ကျေးဇူးကြောင့် Jin ကိုတွေ့ခဲ့ရတာ စတွေ့တဲ့နေ့တုန်းကဆို သူက အလုပ်ရှုပ်နေတယ်ထင်တယ် စကားတောင်မပြောဖြစ်လိုက်ဘူး ။
မြင်ပဲမြင်လိုက်ရတာ မြင်လိုက်ရတာနဲ့တင် ကျွန်တော့ရင်တွေ ခုန်လိုက်တာဗျာ နောက်ပိုင်းကျတော့ သူ့အကြောင်းလေးတွေ Jimin ဆီက သိခဲ့ရတယ်။
အဲ့တာတောင် အဲ့ ဂျပုက မပြောချင်ဘူးရယ် အေးလေ ဘယ်ပြောချင်ပါ့မလဲ အရင်တုန်းကကျတော့ သူမှသူဖြစ်ပြီး သူ့နောက်ပဲ လိုက်နေခဲ့တာကို ချက်ချင်း ကြီး သူ့အကို ကို စိတ်ဝင်စားသွားတော့ ဘယ် ကြည်ဖြူချင်ပါ့မလဲ။ နောက်ပိုင်းကျမှ ဘာစိတ်ကူးပေါက်မှန်းမသိ အကုန်ပြောပြလို့သိခဲ့ရတယ်။
ဆရာဝန်တစ်ယောက်တဲ့ ရည်းစားလည်း အခုထိမရှိသေးဘူးတဲ့ စားရတာကြိုက်တယ် ဟင်းချက်ရတာ‌ကြိုက်တယ် ငါးမျှားရတာကြိုက်တယ်တဲ့ Jin အကြောင်းပိုသိလာလေ သူ့ကို ပိုပြီး မြတ်နိုးလာမိတယ် ....။
အဲ့တာတောင် စကားမပြောသေးဘူးရယ် မြင်နေရတာနဲ့တင် အေးချမ်းလွန်းတယ် ရင်ခုန်နှုန်းမြန်အောင် ပြုစားနေသလား Jin ရယ်... အောင်သွယ်ပေးမယ်လို့ ပြောလိုက်တာ ထခုန်မိမတတ်
မကြာပါဘူး Jimin ဆီကို ဝင်လာတဲ့ Ph call ကြောင့် ခုနက ဝမ်းသာ‌နေရာကနေ စိတ်ပူခြင်းဆီသို့...
လူကြီးပေါက်စ ချော်လဲလို့တဲ့လေ ဘယ်လိုတွေတောင် နမော်နမဲ့နိုင်လိုက်သလဲ။
ယူပြီးတော့မှ နမော်နမဲ့နိုင်ရသလားဆိုပြီး အာဘွားတွေပေးပြီးအပြစ်ပေးရမယ်။
(အယ် အဆန်းကြီးတော့ ရိုက်မယ်ထင်တာကို အာဘွားပေးပြီး အပြစ်ပေးမယ်ဆိုတော့  🥴)
အရင်က အရမ်းတက်ကြွတဲ့ သူလေးကို အခုလို လက်က ပတ်တီးကြီးနဲ့ မြင်ရတော့ စိတ်ထဲမှာ ဘဝင်မကျချင်။ အရမ်းလှတဲ့  လက်ချောင်းသွယ်သွယ်လေးနဲ့ လက်‌က‌လေးမှာ အဲ့ ကျောက်ပတ်တီး ဆိုတဲ့ ဟာကြီး နေရာယူထားတော့ အဲ့ပတ်တီး နေရာမှာ ငါသာဖြစ်လိုက်ပါတော့ ဆိုတဲ့ စိတ်နဲ့ ထိုင်ကြည့်နေလိုက်တယ်။
ညီအကိုနှစ်ယောက်ကလည်း တော်တော်ချစ်ကြတဲ့ပုံ ဟို Jimin ဆိုတဲ့ ကောင်ကလည်း ဖက်ပြီး ငိုနေလိုက်တာဆိုတာ အမြင်ကပ်ချင်စရာ Jin ရဲ့ ညီဖြစ်နေပြီး အောင်သွယ်ပေးမယ့်သူဖြစ်နေလို့ပေါ့ မဟုတ်ရင် ဟင်း....စိတ်ကိုမနည်းလျှော့ထားရတယ် Jin နဲ့သာ ရည်းစားဖြစ်သွားလို့ကတော့ ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာ ဖွက်ထားမှာ ညီလည်း မသိဘူး သူ့သူငယ်ချင်းလည်း မသိဘူး အခုကတော့ ဘာမှသိပ်လုပ်လို့မဖြစ်သေး ဟူး...နောက်နေ့တွေဆို အကြောင်းမရှိ အကြောင်းရှာပြီး Jin ဆီ သွားရတော့မယ်နဲ့တူတယ်  '

♡ 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗗𝗼𝗰𝘁𝗼𝗿 𝗞𝗶𝗺 ♡ { 𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 }Where stories live. Discover now