အခန်း ၁

5.7K 250 5
                                    


Zawgyi Code

"အညာမှာ အလှူသွားလုပ်မှာ လိုက်ခဲ့ရမယ်နော်"

ဖုန်းနဲ့ နေ့တိုင်းနီးပါးဆက်ပြီး ဂျစ်တိုက်နေသော သူငယ်ချင်းမလေး ကဗျာကြောင့် အညာအလှူကို လိုက်ဖို့ ပြင်ဆင်ရ၏။

ကဗျာ့အမေက ပုပ္ပါးဇာတိလေ။ ဒီနှစ်ကျောင်းပိတ်ရက်မှာ ဇာတိမြေဖြစ်တဲ့ ပုပ္ပါးမြို့က နှင်းဆီဖြူကုန်းရွာမှာ ရဟန်းခံ ရှင်ပြုအလှူကြီးပေးဖို့ ရန်ကုန်မှာရှိတဲ့ ဆွေမျိုးတွေအားလုံးကို ကားနဲ့အကြိုအပို့ စီစဉ်ထားကြောင်း သိရ၏။

ကဗျာက သူတစ်ယောက်ထဲမလိုက်ချင် သူငယ်ချင်းတွေအားလုံးပါမှ လိုက်မယ်ဆိုပြီး သူမ ချမ်းမြေ့မောင် အပါအဝင် လင်းထက်ဝေ ရူပါဉီး သဇင်မိုး တို့ကိုပါ လိုက်ခဲ့ဖို့ခေါ်တာကြောင့်ပါ။

ကျောင်းနဲ့ အိမ် အိမ်နဲ့ကျောင်းသာ တိုင်ပတ်နေကြသော ဆေးကျောင်းသူတွေမို့ ဒီလို အပန်းဖြေခရီးကို လက်လွှတ်မခံပဲ အမိအရဖမ်းဆုပ်ပြီး တောသဘာဝ အညာဓလေ့ကို ခံစားဖို့ သူတို့အားလုံးသဘောတူလိုက်၏။

"အညာသွားတာ သွားတာပဲ တောကကောင်တွေနဲ့ရှုပ်မလာနဲ့ ညည်းကဆေးကျောင်းသူ"

အမေ့ရဲ့ အမိန့်စကားက နဲနဲတော့ ကြောင်တောင်"နိုင်သော်လည်း လိုက်ခွင့်ရစေရန် ခေါင်းညိတ်လိုက်ရ၏။

နှင်းဆီဖြူကုန်းရွာက ရှိတာမှ အိမ်ခြေ ၁၀၀ လောက်။ရန်ကုန်ကနေ သွားမယ့် ပရိသတ်ကြီးက အယောက် ၆၀ ကျော် ရွာတည်လို့ရမယ့်အခြေနေ။ရွာကလူတွေတော့ ဘယ်လိုဧည့်ခံကြမလဲ 'ချမ်း' သိချင်မိ၏။

ဟိုက်ဂျက်ကားက ၃စီး အိမ်စီးကား ၃ စီး။အလှူမှာ ဧည့်ခံဖို့ ဒိုးဝိုင်းပါ ကားနဲ့ တင်သွားမယ့် Planကြီး။

အလှူက လကုန်ပြီး ၁ ရက် ၂ရက်။
သို့သော် ကြိုတင်သွားရမှာ
၂၅ ရက်နေ့ထဲက။

အလှူတင်မက ပုဂံ ဘုရားဖူး ပုပ္ပါးတစ်ခွင်လည်မယ့် အစီအစဉ်က 'ချမ်း'တို့ ခေါင်းထဲရှိပြီးသား။

~~~~~~~~

"စပယ်ပန်းတွေ အရမ်းလှတယ် အမရေ အရမ်းလဲ လက်တယ်နော် မယ်တော်ကြီးကို ကပ်ပြီး ဆုတောင်း ပြည့်တယ်အမရေ ....အကိုရေ ပန်းလေးဝယ်သွားပါအုံး ဝါ တို့ ခြံထွက် ပန်းလေးပါ ...ဆုတောင်းပြည့်စေတီကြီးကို ကပ်ပြီး ဆုတောင်း ကြံတိုင်းအောင်တယ်ရှင့်"

စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)Where stories live. Discover now