အခန်း ၈
မနက်ခင်း အာရဏ်ဦး၏ နွေးထွေးသော နေရောင်ခြည်အောက်မှာ နှင်းဆီဖြူကုန်းရွာလေး အသက်ဝင်လှုပ်ရှားနေပါပြီ။
ခပ်ဝေးဝေးအလှူအိမ်က အလှူတော်သီချင်း ဓာတ်စက်သံ ကို အတော်ကျယ်ကျယ်ကြားနေရပါပြီ။"ဝါး "
အိပ်လို့ကောင်းလိုက်တာ တစ်ချိုးထဲပဲ။
ကာလနဂါးမိသားစု နိုးလာပြီ။ စုစုပေါင်းငါးကောင်ပါ။
ဆံပင်စုတ်ဖွားနဲ့ ထလာပြီး ဟိုလူကျော်ခွ ဒီလူ့တက်နင်းနဲ့ သိုင်းကွက်နင်းတဲ့သူနင်း။
ဗရုတ်နဲ့သုပ်ခ ဒါလား ရန်ကုန်က ဆေးကျောင်းသူ အချောလေးတွေဆိုတာလေ။"ညက စကားဝါ့ အသံကြားလိုက်သလိုပဲ လာသေးလား "
အိပ်ချင်မူးတူး မျက်လုံးကို ပေကလပ် " လုပ်ရင်း မေးလာသူက ရူပါ။
"အင်း လာတယ် "
မောင် အဖြေပြန်ပေးရင်း နှုတ်ခမ်းပါးတွေ ကွေးညွှတ်ကာ ကြည်ကြည်နူးနူးပြုံးမိ၏။
"ဘာလဲ ဒီအပြုံးက "
"ဘာမှမဟုတ်ဖူး"
အမေးထူ မစုပ်စုတွေကို ကျော်ခွပြီး မျက်နှာသစ်ဖို့ ရေအိုးနားကို အပြေးသွားလိုက်ပါ၏။
နှုတ်ခမ်းလွှာကို ခပ်ဖွဖွကိုင်းရင်း ညက ဖြစ်ခဲ့တဲ့ အနမ်းလေးကို သတိရနေမိပါ၏။
မျက်နှာသစ် အဝတ်အစားလဲ Make-up ဘာညာသရကာ ပြင်ပြီးဆင်ပြီးတော့ အိပ်ယာနိုးကာစနဲ့လုံးဝမတူတော့ပဲ လုံးဝလန်းနေပါပြီ။"ဒီမနက် ပုပ္ပါးတက်မယ် ပုပ္ပါးက ဆင်းရင် ပုဂံတက်မယ်"
"စကားဝါ့ သွားခေါ်အုံးမယ်"
တိုင်ပင်နေတုန်း အိမ်ပေါ်က လှစ်ကနဲ ပြေးဆင်းသွားသော မောင့် ကို ကဗျာချို ကောင်းကောင်းဆလန်ပေးလိုက်ပါ၏။
"တစ်ခုခုတော့ ထူးခြားနေပြီဟ ငါတို့သူငယ်ချင်းကြီး ဥပုသ်ကျိုးပြီထင်တယ်"
~~~~~~
"စကားဝါရေ စကားဝါ "
အိမ်ရှေ့ကနေ လှမ်းအော်ခေါ်တော့ အိမ်ပေါ်က အသက်၅၀အရွယ် အညာသူအဒေါ်ကြီးဆင်းလာပါ၏။
စကားဝါနဲ့ မျက်လုံးမျက်ခုံးဆင်သော အကြင်သူသည် စကားဝါရဲ့အမေ မြန်းလား။
YOU ARE READING
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)
RomanceTachi -ချမ်းမြေ့မောင် Neko- စကားဝါ သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွင် ခါတန်ပွင့်သည် ရွှေနဲ့ယိုးမှား ပန်းစကား။ #ထနှောင်းညို